DVB Logo
Home
မြန်မာသတင်း
ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်က မူးယစ်ဆေးရှာဖွေစစ်ဆေးစဉ် ရွာသား ၁ ဦးသေဆုံး
DVB
·
October 13, 2016
ရပ်စောက်မြို့နယ်၌  ပြည်သူ့စစ်က မူးယစ်ဆေးရှာဖွေစစ်ဆေးစဉ် ရွာသား ၁ ဦးသေဆုံး
Donate to DVB

 

ရှမ်းပြည်နယ် ရပ်စောက်မြို့ ယမ်းတွင်းကျေးရွာအုပ်စု နန်းအွန်ရွာမှာ  ပအိုဝ်းအမျိုးသားတပ်မတော် (ပီအန်အေ) ပြည်သူ့စစ်အဖွဲ့က မူးယစ်ဆေးဝါးစစ်ဆေးရှာဖွေစဉ် ရွာသား ၁ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။

အောက်တိုဘာလ ၁၀ ရက် ညက   ပီအန်အေ စစ်တပ် တပ်ခွဲ ၉ အဖွဲ့ဦးဆောင်ပြီး နန်းအွန်ရွာရှိ ခွန်တထူးနေအိမ်ကို မူးယစ်ဆေးဝါးစစ်ဆေးရာမှာ သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားပြီး  သေဆုံးသွားခဲ့ တာလို့ နန်းအွန်ရွာခံတဦးကပြောပါတယ်။

"မူးယစ်ဆေးဝါးရောင်းဝယ်တယ်လို့ စွပ်စွဲပြီး စစ်ဆေးတဲ့အချိန်မှာပစ်သတ်လိုက်တာ၊ မူးယစ်ဆေးဝါးလည်း မတွေ့ပါဘူး။ ကျွန်တော်တို့ရွာမှာ ပြန်ပေးဆွဲတာ မကြာခဏ တွေ့ကြုံရ တယ်။  သူတို့လာနှိပ်စက်တာ အကြိမ်ပေါင်းများနေပြီ။ ဆက်ကြေး ကောက်တယ် အမျိုးမျိုး နှိပ်စက်တယ်။  အခုခွန်တထူးဟာ ခြေထောက်တဘက်မကောင်းဘူး။ ဆိုင်ကယ် ပြင်နေချိန်မှာ ပီအန်အေက သေနတ်နဲ့ချိန်တယ် ကျွန်တော်ဘာ အပြစ်ရှိလဲလို့ပြန်မေးတာကို အသံမထွက်နဲ့ ဆိုပြီး ပစ်လိုက်တယ် အပြစ်မဲ့သေဆုံးရခြင်းဖြစ်တယ်။”

ဒီအမှုနဲ့ပတ်သက်ပြီးစစ်ဆေးဖို့ အခင်းဖြစ်ပွားတဲ့ရွာကို ရဲတပ်ဖွဲ့ကသွားနေဆဲဖြစ်ပြီး သေဆုံးသူရဲ့ ဇနီးဖြစ်သူကလည်း  အမှုဖွင့်ဖို့ရှိနေတယ်လို့  ရပ်စောက် ရဲစခန်းစခန်းမှူးကပြောပါတယ်။

"ဒီနေ့အခင်းဖြစ်တဲ့နေရာမှာ ဆရာမ၊ ရှေ့နေနဲ့ ကျွန်တော်တို့ရဲတပ်ဖွဲ့ တွေစစ်ဆေးဖို့သွားပါတယ်။ လက်နက်ကိုင်လှုပ်ရှားတဲ့နယ်မြေဖြစ်တဲ့အတွက် လုံခြုံရေးတာဝန်မယူ ပေးနိုင်ကြဘူး ဒီနေ့ ဆတ်သေရွာထိ ဘဲရောက်ခဲ့တယ် နန်းအွန်ရွာနဲ့ ဆတ်သေရွာက ၇ မိုင်ဝေးသေးတယ်၊ ဆက်သွားဖို့လုံခြုံရေးမယူနိုင်လို့ အမှုဖြစ်ပွားတဲ့နေရာ မရောက်ခဲ့တဲ့အတွက် အတိကျမပြောနိုင် သေးဘူး၊ လုံခြုံရေးအတွက် စစ်တပ်ကိုအကြောင်းကြားထားတယ် မနက်ဖြန်သေဆုံးသူဇနီးက စခန်းမှာ အမှုလာဖွင့်မယ်လို့ပြောတယ်၊ အမှုပေါ် မူတည်ပြီး ဆက်လက်အရေးယူသွားမှာပါ။”

သေဆုံးသူရွာသား ခွန်တထွန်းဟာ ရဲစစ်ချက်နဲ့ အမိန့်မရသေးတဲ့အတွက် ယခုထိ အလောင်းကို မသဂြိုလ်ရသေးဘဲ ဒီအတိုင်း လက်ထိပ်ခတ်နဲ့ သေဆုံးနေတာကို သုံးရက်ရှိနေပြီဖြစ်ပါတယ်။

ယမ်းတွင်းကျေးရွာအုပ်စုဒေသမှာ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ပီအန်အေ  ပြည်သူ့စစ်အဖွဲ့တွေ လှုပ်ရှားတဲ့နယ်မြေလည်းဖြစ်ပါတယ်။ အဆိုပါ ရွာသား သေဆုံးမှုနဲ့ ပတ်သက်ပြီး ပီအန်အေဘက်ကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်း နိုင်ခြင်း မရှိသေးပါဘူး။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013