DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားမည်
DVB
·
October 13, 2016
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားမည်
Donate to DVB

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၁၆ ရက်မှာ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။

အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်ရှရီ နာရန်ဒရာ မိုဒီရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး  ဂိုအာမြို့မှာကျင်းပမယ့် တောင်အာရှနိုင်ငံများစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဘမ်းမ်စတက် ထိပ်သီးစည်းဝေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးကိစ္စများကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း မြန်မာအတွက် လက်တွေ့ကျတဲ့ အကူအညီတွေ ရလာနိုင်တယ်လို့ ၁၉၉၀ ပုလဲအမတ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“အိန္ဒိယဟာ မြန်မာ့အရေးမှာ အမြဲ တရုတ် နောက်ကျတယ်။ ကူညီတာလည်း ဆယ်ဆ လောက်နည်းတယ်။ အပြောသာများပြီး လက်တွေ့က ဖြစ်မလာတာတွေချည်းသာ ရှိတယ်။ ကောင်းတဲဖက်ကကြည့်ရင် အိန္ဒိယဟာ မြန်မာပြည်အတွက် အန္တရာယ်မပေးဘူး။ ခေါင်းမခဲရဘူး။ သူ့မှာသာ သူ့သူပုန်တွေ မြန်မာ့မြေပေါ်ရှိနေတာ။ လောလောဆယ် ဟော့်အစ်ရှူး မရှိဘူး။ ကောင်းနိုင်တဲ့အချက်က အေးအေးဆေးဆေးနဲ့ မြန်မာပြည်အတွက် လက်တွေ့ကျတဲ့အကူအညီ ရလာနိုင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့လည်း ရှိပြီး အထူးသဖြင့် လတ်တလော နှစ်နိုင်ငံနယ်စပ်အရေး ဆွေးနွေးကြဖို့ ရှိပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လာအို၊ ထိုင်း၊ တရုတ်၊ အမေရိကန်၊ ဗြိတိန်တို့ကို ချစ်ကြည်ရေးခရီးသွားခဲ့ပြီး အခု အိန္ဒိယခရီးဟာ ပဉ္စမမြောက် ချစ်ကြည်ရေးခရီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013