DVB Logo
Home
မြန်မာသတင်း
မောင်တောရှိ နေရပ်ပြန်မည့်ဝန်ထမ်းများကို ရဟတ်ယာဉ်ဖြင့် ခေါ်ယူရန်စီစဉ်
DVB
·
October 13, 2016
မောင်တောရှိ နေရပ်ပြန်မည့်ဝန်ထမ်းများကို ရဟတ်ယာဉ်ဖြင့် ခေါ်ယူရန်စီစဉ်
Donate to DVB

 

မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ နေရပ်ပြန်လာနိုင်ဖို့ စောင့်ဆိုင်းနေရတဲ့ ဝန်ထမ်းတွေကို ရဟတ်ယာဉ်နဲ့ ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မောင်မောင်စိုးက ပြောပါတယ်။

မောင်တောမြို့၊ သိရီမင်္ဂလာခန်းမမှာ မောင်တောမြို့ခံတွေနဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့အဖွဲ့နဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းက တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။ ဒေသခံပြည်သူတွေက၊ လွှတ်တော်ကိုယ်စားလှယ်တွေ မေးမြန်းတာကို ပြန်လည်ဖြေကြားတဲ့အခါ တိုင်းမှူးက လုံခြုံရေးအင်အားကို တိုးမြှင့်ဆောင်ရွက်နေသလို ဝန်ထမ်းတွေရဲ့ လုံခြုံရေးကိစ္စတွေကိုလည်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်၊ စစ်ဆင်ရေးပုံစံ ဆောင်ရွက်နေတာ ဖြစ်ပေမယ့် ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်၊ အိမ်ပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ရဟတ်ယာဉ်နဲ့ သယ်ယူပေးဖို့ စီစဉ်ထားပေမယ့် ရာသီဥတုအခြေအနေရ ရဟတ်ယာဉ် သွားလာလို့မရသေးတာလို့ ဖြေကြားသွားပါတယ်။

မောင်တောမြို့နယ် ဝေးလံခေါင်ဖျားဒေသတွေမှာ ရောက်နေတဲ့ ဆရာ၊ ဆရာမ ၂၈၈ ဦးရှိပြီး တရာကျော်ကတော့ အိမ်ကိုပြန်နိုင်ပြီ၊ ကျန်တဲ့သူတွေကို လုံခြုံမှုစိတ်ချရတဲ့ နေရာမှာ စုစည်းထားတဲ့အတွက် စိုးရိမ်စရာ မရှိတော့ဘူးလို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး၊ ဗိုလ်မှူးကြီးထိန်လင်းကလည်း ပြောပါတယ်။

မောင်တောမြို့နယ်ထဲမှာ အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် ရဲလုံခြုံရေးစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရပါတယ်။ လက်နက်များကိုပါ ဖောက်ထွင်းလုယူခံရပြီး သေနတ် ၆ဝ ကျော် ပျောက်ဆုံးခဲ့ပေမယ့် အချို့ကို ပြန်ရထားပြီး နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013