DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်သူများက ၀ါးပိတ်ကျေးရွာအား မီးရှို့ဖျက်ဆီး (ရုပ်သံ)
DVB
·
October 13, 2016
အကြမ်းဖက်တိုက်ခိုက်သူများက ၀ါးပိတ်ကျေးရွာအား မီးရှို့ဖျက်ဆီး (ရုပ်သံ)
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ကို အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေက ချောင်းမြောင်းပစ်ခတ်ပြီး ၀ါးပိတ်ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တပ်မတော်ပိုင် မြ၀တီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအနီးရှိ အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် အိမ်ထောင်သည်လိုင်းခန်းကို မနေ့မနက် ၁၀ နာရီခန့်က အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၅ ဦးခန့်က လက်နက်ငယ်တွေနဲ့ လာရောက်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေ ဆုတ်ခွာထွက်ပြေးသွားတဲ့ ၀ါးပိတ်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်းစဉ် ရွာအနီး ပုန်းခိုနေတဲ့ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေက ရွာကို မီးရှို့ထွက်ပြေးသွားလို့ အိမ်ခြေ ၂၅ လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - အမ်အိုအိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013