DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ကချင်နှင့် ရခိုင်သို့သွားမည်
DVB
·
October 12, 2016
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ကချင်နှင့် ရခိုင်သို့သွားမည်
Donate to DVB

ကုလသမဂ္ဂ လူသားချင်စာနာမှုဆိုင်ရာ အကြီးအကဲ မစ္စတာ စတီဗင်အိုဘရိုင်ယန်ဟာ မြန်မာခရီးစဉ်အတွင်း  ရခိုင်နဲ့ကချင်ပြည်နယ်က နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့သူတွေကို ရိက္ခာ အထောက်အပံ့တွေ လျှော့ချ ဖြတ်တောက်နေတဲ့အပေါ် ပြန်ပြီး ညှိနှိုင်းနိုင်ဖို့ ရှိနေပါတယ်။

ကုလသမဂ္ဂရဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေး ညှိနှိုင်းရေးမှူးဟာ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။

မစ္စတာ စတီဗင်အိုဘရိုင်ယန်ဟာ ကုလသမဂ္ဂ လူသားချင်စာနာမှုဆိုင်ရာနဲ့ ပတ်သက်ပြီး အမြင့်ဆုံး တာဝန်ယူထားသူတယောက် ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်နဲ့ ကချင်ပြည်နယ်က နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့သူတွေကို ရိက္ခာ အထောက်အပံ့တွေ လျှော့ချဖြတ်တောက်နေတဲ့အပေါ်မှာ ပြန်ပြီး ညှိနှိုင်းနိုင်မှာပါ။

“နေရပ်စွန့်ခွာ တိမ်းရှောင်စခန်းတွေကို သွားတယ်ဆိုကတည်းက မစ္စတာ ဘရိုင်ယန်ဟာ အဲဒီက လူတွေရဲ့ တကယ့်အခြေအနေတွေကို သိချင်လို့ ဖြစ်ပါတယ်။ စားနပ်ရိက္ခာ အတိုးအလျှော့ အပြောင်းအလဲတွေ အကြောင်းကို မစ္စတာ ဘရိုင်ယန်ကို ပြောပြခဲ့မယ်ဆိုရင် WFP နဲ့လည်း ဆွေးနွေးသွားမှာ ဖြစ်သလို စားနပ်ရိက္ခာ ဖြန့်ဝေပေးနေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့တွေနဲ့ ဆွေးနွေးသွားမှာပါ။ မစ္စတာဘရိုင်ယန်ဟာ သူ တာဝန်ယူထားတဲ့ ရာထူးကိုက လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဘယ်လိုရှိနေလဲ။ ဘယ်လို ဖြည့်ဆည်းပေးရမလဲ၊ ဖြည့်စွက်ပေးနိုင်မလဲဆိုတာကို သေချာအောင် လုပ်တာဖြစ်ပါတယ်”လို့ ရန်ကုန်အခြေစိုက် OCHA ရုံးရဲ့ Public Information and Advocacy Officer Mr. Pierre Peron က ပြောပါတယ်။

ခရီးစဉ်အတွင်း ကုလ လူသားချင်းစာနာမှုဆိုင်ရာ ညိနှိုင်းရေးမှူးဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒါ့အပြင် ဒုတိယ သမ္မတ ၂ နဲ့ လူသားချင်းစာနာမှု ဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဝန်ကြီး ဌာနတွေကိုလည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

Mr. Pierre Peron က “ မစ္စတာ ဘရိုင်ယန်အနေနဲ့ နေပြည်တော်ကို ခရီးစဉ်ရှိပါတယ်။ အစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဖို့ရှိသလို အောက်ခြေဝန်ထမ်းတွေနဲ့လည်း အတတ်နိုင်ဆုံးတွေ့ဆုံသွားမှာပါ။ ပြီးတော့ နေရပ်စွန့်ခွာ စခန်းတွေမှာ ရှိတဲ့သူတွေ၊ တကယ် အကူအညီလိုနေသူတွေကို ကိုယ်တိုင် တွေ့ဆုံ စကားပြော ချင်ပါတယ်။ အခြေအနေတွေကို မျက်မြင်သိရှိဖို့ အတွက်လည်း အဓိကထားပြီး လာရောက်တာပါ” လို့ ပြောပါတယ်။

သူက ဆက်ပြီးတော့ “ရန်ကုန်၊ ကချင်နဲ့ ရခိုင်မှာ ရှိနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအဖွဲ့တွေ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ သူ့အတွက် အချိန်ကတော့ နည်းပါတယ်။ ဒါပေမယ့် အားလုံးကို တွေ့ဆုံနိုင်အောင် စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

မစ္စတာ ဘရိုင်ယန်ဟာ ကြာသပတေးနေ့မှာ ကချင်ပြည်နယ်၊ သောကြာနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားတာပါတယ်။

အဲဒီဒေသတွေဟာ လက်ရှိမှာ စစ်ပွဲတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေး တိုးမြှင့် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013