DVB Logo
Home
မြန်မာသတင်း
မြန်မာ သံသယလူနာ ၃၀ ထံတွင် ဇီကာ မတွေ့ဟု ကျန်းမာရေးဌာနပြော
DVB
·
October 12, 2016
မြန်မာ သံသယလူနာ ၃၀ ထံတွင် ဇီကာ မတွေ့ဟု ကျန်းမာရေးဌာနပြော
Donate to DVB

မြန်မာနိုင်ငံမှာ သံသယလူနာ ၃၀ ဦးထံက သွေးနဲ့ ဆီး ဓာတ်ခွဲ နမူနာတွေ ရယူစစ်ဆေးခဲ့ပြီး ဒီနေ့ထိ ဇီကာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားတာ မရှိသေးဘူးလို့ ကျန်းမာရေးဌာနက ပြောပါတယ်။

နေပြည်တော်မှာ ဒီနေ့ စတင်ပြုလုပ်တဲ့ ဇီကာဗိုင်ရပ်စ်ရောဂါဖြစ်ပွားနိုင်ခြေ ဆန်းစစ်ခြင်းဆိုင်ရာ စည်းဝေးပွဲမှာ ခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ ကာကွယ်ရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က အမေရိကန်ရဲ့ ဇီကာသတိပေးချက် ရှိနေတာကြောင့် နိုင်ငံတွင်း ဇီကာဆန်းစစ်ခြင်းစည်းဝေးလုပ်ပြီး အဖြေရှာတာလို့ ပြောပါတယ်။

“အဓိကကတော့ အမေရိကန်က ကျနော်တို့ မြန်မာနိုင်ငံအပါအ၀င် ၁၁ နိုင်ငံကို သူ့ ကိုယ်ဝန်ဆောင်တွေ မသွားဖို့ လုပ်ကြတယ်ဆိုတော့ ကိုယ့်အတွက် အရေးကြီးဆုံး နေရာတွေ ရွေးမယ်၊ အထိရောက်ဆုံး လှုပ်ရှားမှုတွေ ရွေးထုတ်ဖို့လေ၊ အဲ့ဒါ အစည်းအဝေး ခေါ်တာပါ။”

ဇီကာဆန်းစစ်ခြင်း စည်းဝေးပွဲကို ဒီနေ့နဲ့ မနက်ဖြန် ၂ ရက် ပြုလုပ်မှာ ဖြစ်ပါတယ်။

စည်းဝေးပွဲကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပညာရှင် ၃ ဦး အပါအ၀င် ပြည်တွင်းက ကျန်းမာရေးပညာရှင်တွေ တက်ရောက် ဆွေးနွေးနေကြတာဖြစ်ပြီး မနက်ဖြန် ညနေပိုင်းမှာ တစုံတရာ အဖြေရဖို့ မျှော်မှန်းထားတယ်လို့လည်း ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ ဇီကာဖြစ်ပွားမှုကို ပြည်သူ့ကျန်းမာရေးပြသနာတရပ်အဖြစ် ကြေညာခဲ့ပြီးကတည်းက မြန်မာနိုင်ငံ ကျန်းမာရေးဌာနဟာ ဇီကာပြသနာကို ဦးစားပေး ဖြေရှင်းလုပ်ဆောင်နေပါတယ်။

ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ စင်ကာပူနိုင်ငံတို့မှာ ဇီကာဗိုင်းရပ်စ်ကူစက်ခံထားရသူ ရာနဲ့ချီ ရှိနေပြီး မြန်မာကတော့ ခုချိန်ထိ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မတွေ့သေးဘဲ ဆန်းစစ်အဖြေရှာတုန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013