DVB Logo
Home
မြန်မာသတင်း
နယ်ခြားစောင့်စခန်းကို တိုက်ခိုက်သည့်အဖွဲ့အား အမြန်ဖော်ထုတ်ရန် သူရရွှေမန်းတိုက်တွန်း
DVB
·
October 12, 2016
နယ်ခြားစောင့်စခန်းကို တိုက်ခိုက်သည့်အဖွဲ့အား အမြန်ဖော်ထုတ်ရန် သူရရွှေမန်းတိုက်တွန်း
1 / 2
Donate to DVB

ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကို အလျင်အမြန်ဖော်ထုတ်ဖို့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို ရုပ်လုံးပေါ်အောင် စစ်ဆေးဖော်ထုတ် ဆောင်ရွက်မှုတွေကို ပြည်သူတွေက စောင့်ကြည့်နေတဲ့အကြောင်း၊ တည်တည်ငြိမ်ငြိမ် သတိရှိရှိ ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်တာဟာ တိုင်းပြည်အနာဂတ်အတွက် ပိုကောင်းမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်လုပ် ဥပဒေကို ချိုးဖောက်တာ၊ အချုပ်အခြာအာဏာကို တနည်းမဟုတ်တနည်း ထိခိုက်တာမို့ ဥပဒေနဲ့ အညီ တရားနည်း လမ်းတကျ လျင်လျင်မြန်မြန် ဖော်ထုတ်ဆောင်ရွက်မှု မဖြစ်မနေလုပ်ရမယ်လို့လည်း သူရ ဦးရွှေမန်းက ဆိုပါတယ်။

ဒါ့အပြင်လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ အနေနဲ့လည်း လုံခြုံရေး သတိရှိကြဖို့လည်း သတိပေးထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်ထဲမှာ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းက နယ်ခြားစောင့်ကင်းစခန်း ၃ ခုကို အမည်မသိ လူတစုက တုတ်ဓားလက်နက်တွေကိုင်ဆောင် တပြိုင်နက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့တာပါ။

ဒီဖြစ်စဉ်မှာ တိုက်ခိုက်သူတချို့ကို အရှင်ဖမ်းမိ၊ တချို့ကို အသေပစ်သတ်နိုင်ခဲ့ပေမယ့် တိုက်ခိုက်သူတွေဟာ ဘယ်အဖွဲ့အစည်းကလဲဆိုတာ အစိုးရတာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုခြင်းမရှိသေးသလို နိုင်ငံပိုင်မီဒီယာတွေမှာလည်း ဘယ်အဖွဲ့အစည်းကလဲဆိုတာ ရေးသားဖော်ပြခြင်းမရှိသေးပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မောင်တော တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာကို စုံစမ်းနေပြီး တရားဥပဒေစိုးမိုးရေးအောက်မှာပဲ မျှမျှတတ လုပ်ဆောင်သွားမယ်၊ သေသေချာချာ အထောက်အထားခိုင်လုံတဲ့အခါ စွပ်စွဲချက်တင်သင့်ရင်တင်မယ်လို့  ဒီမနက် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာပြောပါတယ်။

14691308_1771328709790716_2136541956740832513_o

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013