DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ဖြစ်စဉ်များ နိုင်ငံတည်ငြိမ်ရေးကိုထိပါးဟု အစ္စလာမ်အရပ်ဘက်အဖွဲ့များ ထုတ်ပြန်
DVB
·
October 12, 2016
ရခိုင်ပြည်နယ် ဖြစ်စဉ်များ နိုင်ငံတည်ငြိမ်ရေးကိုထိပါးဟု အစ္စလာမ်အရပ်ဘက်အဖွဲ့များ ထုတ်ပြန်
Donate to DVB

အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ် နယ်ခြားစောင့် စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့တာဟာ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ တရာဥပဒေစိုးမိုးရေးကို ပျက်ပြားစေပြီး အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စဖြစ်တယ်လို့ နိုင်ငံသား အစ္စလာမ်ဘာသာဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။

Social Alliance (လူမှုမဟာမိတ်အဖွဲ့) နဲ့ Organization of Equality and Justics for Minority အဖွဲ့တို့ ပူးပေါင်းပြီး အောက်တိုဘာ ၁၂ ရက်စွဲနဲ့ ထုတ်ပြလိုက်တာပါ။

အကြမ်းဖက်မှုကို ကျူးလွန်တဲ့ ဘယ် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းကိုမဆို ပြင်းပြင်ထန်ထန် ဆန့်ကျင် ရှုတ်ချပြီး ကျဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် ဝမ်းနည်းတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ပြီးတော့ ဒီဖြစ်စဉ်တွေကို အကြောင်းပြုပြီး ဆိုးကျိုးတွေ ဆက်မဖြစ်လာစေဖို့အတွက် အစိုးရ၊ ပြည်သူ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ မီဒီယာတွေဟာ ဥပဒေဘောင်တွင်းက ပူးပေါင်းထိန်းသိမ်းဖို့ အထူးလိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013