DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး မျှမျှတတ ဖြေရှင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
October 12, 2016
ရခိုင်အရေး မျှမျှတတ ဖြေရှင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

 

ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးရေးအောက်ကနေ မျှမျှတတနဲ့ အကောင်းဆုံး ဖြေရှင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ မနက်ပိုင်း နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နယ်သာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Bert Koenders တို့ တွေ့ဆုံခဲ့ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

အခုရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့တဲ့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက  မေးမြန်းရာမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က "ဒီကိစ္စကတော့ EU နိုင်ငံမှာမှ မဟုတ်ပါဘူး။ အားလုံးမှာပဲ၊ ဒီကိစ္စကို ကျမတို့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းမယ်၊ ဒါဟာ တရားဥပဒေစိုးမိုးရေးအောက်မှာပဲ ကျမတို့ မျှမျှတတလုပ်သွားမယ်။ ဘာတွေ ဘာတွေက ဘာဖြစ်နေတယ်ဆိုတာ မရှင်းသေးသရွေ့တော့ ဘယ်သူကိုမှ ကျမတို့ကနေပြီးတော့ စွပ်စွဲမှာ မဟုတ်ပါဘူး။ သေသေချာချာ အထောက်အထားခိုင်လုံတဲ့အခါကျမှ စွပ်စွဲချက်တင်သင့်ရင် တင်မှာဖြစ်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

တွေ့ဆုံမှုမှာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်သာလန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပေးအပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီတွေနဲ့ ဘက်စုံ ရေစီမံခန့်ခွဲမှု ဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မှု ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013