DVB Logo
Home
မြန်မာသတင်း
ကရင်ဒုက္ခ္ခသည်များ နောက် ၃ လခန့်အထိ စခန်းတွင် နေရနိုင်ဟု ကုလ ပြော
DVB
·
October 12, 2016
ကရင်ဒုက္ခ္ခသည်များ နောက် ၃ လခန့်အထိ စခန်းတွင် နေရနိုင်ဟု ကုလ ပြော
Donate to DVB

 

ကရင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၅၉၀၀ လောက်အထိ ရှိလာနေပြီး သူတို့ဟာ နောက် ၃ လလောက်အထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရမယ့် အခြေအနေ ရှိနေတယ်လို့ ကုလအဖွဲ့တခုက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ရဲ့ အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်ချက်မှာ တပ်မတော်နဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် လူဦးရေ ၅,၉၀၀ လောက် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူရွာကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတယ်။

ထွက်ပြေးနေရသူတွေဟာ မူလနေထိုင်ရာဒေသမှာ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ တပ်ဖွဲ့တွေ ရှိ နေတာကြောင့် နောက်ထပ် နှစ်လ၊ သုံးလလောက် ဆက်လက်နေရပ်စွန့်ခွာ တိမ်းရှောင်နေ ရဦးမယ်လို့ ဖော်ပြခဲ့တာပါ။

အလားတူ တပ်မတော်နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တို့အကြား တိုက်ပွဲတွေကြာင့် မိုင်းကိုင်မြို့နယ်ကို လူဦးရေ ၉၀၀ လောက် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေသတွင်း အလှူရှင်တွေက အရေးပေါ်အစားအစာလိုအပ်ချက်တွေကို ပံ့ပိုးပေးထားပြီး နေရပ်စွန့်ခွာတိမ်းရှောင်သူတွေမှာ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ဆိုင်ရာ အသုံးအဆောင်တွေ၊ အစားအစာမဟုတ်တဲ့ အခြားကယ်ဆယ်ရေးပစ္စည်းတွေ လိုအပ်နေတယ်လို့လည်း ကုလအဖွဲ့က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013