DVB Logo
Home
မြန်မာသတင်း
တရက်တည်း ယာဉ်တိုက်မှု ၂ နေရာတွင်ဖြစ်ပွား၊ ၂ ဦး သေဆုံး
DVB
·
October 12, 2016
တရက်တည်း ယာဉ်တိုက်မှု ၂ နေရာတွင်ဖြစ်ပွား၊ ၂ ဦး သေဆုံး
1 / 7
Donate to DVB

 

တရက်တည်း ပြည်-ရန်ကုန်လမ်းပေါ်မှာ ယာဉ်တိုက်မှု ၂ နေရာမှာ ဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီလောက်က ပြည်ဘက်ကနေ ရန်ကုန်ဘက်ကို ပြောင်းဖူးတွေ တင်လာတဲ့ ၆ ဘီးကားနဲ့ ရန်ကုန်ဘက်က မောင်းနှင်လာတဲ့ FAME ဆေးကုမ္ပဏီ ကားတို့ စစ်ကွင်းတာစုံ ရန်ကုန်ဘက်အထွက်မှာ တိုက်မိပြီး ဆေးကုမ္ပဏီ ယဉ်ပေါ်ပါလာတဲ့ ၀န်ထမ်း ၂ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။

ယာဉ်တိုက်မှုအတွက် စစ်ကွင်းရဲစခန်းမှာ ယာဉ်မောင်း ၂ ယောက်လုံးကို ဖမ်းဆီးထားပြီး စခန်းမှူး ရဲအုပ်ခင်မောင်နိုင်က တရားလို ပြုလုပ်ပြီး တရာစွဲဆိုသွားမယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲလောက်ကလည်း နတ္တလင်းမြို့ကနေ ဇီကုန်းမြို့အထွက်မှာ ပြည်ဘက်ကလာတဲ့ ထောက်ပို့တပ်က NISSAN DESEL ကားကို ကျော်တက်လာတဲ့ ယူဒီကောင်တာ 7B/ 2533 ကားက ဘရိတ်မမိတဲ့အတွက်  ရန်ကုန် ဘက်ကနေ ပြည်ဘက်ကိုမောင်းနှင်လာတဲ့ 2G/ 3021 SKAT အမျိုးအစားနဲ့ ကား ၃ စီးဆင့် တိုက်လို့ ယူဒီကောင်တာ ကာပေါ်မှာပါလာတဲ့ ကားအုံနာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ယာဉ်တိုက်မှုအတွက် ယဉ်မောင်း ၃ ယောက်စလုံးကို နတ္တလင်းရဲစခန်းမှာ ခေါ်ယူ စစ်မေးနေတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။

သတင်း - မင်းညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013