DVB Logo
Home
မြန်မာသတင်း
လစ်လပ်မဲဆန္ဒနယ် ၁၈ ခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်
DVB
·
October 12, 2016
လစ်လပ်မဲဆန္ဒနယ် ၁၈ ခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်
Donate to DVB

 

လာမယ့် ၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်မှာ နိုင်ငံတ၀န်း လစ်လပ်မဲဆန္ဒနယ်မြေ ၁၈ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ် ၉ ခု၊ အမျိုးသားလစ်လပ်မဲဆန္ဒနယ် ၃ခုနဲ့ ပြည်နယ်တိုင်း လွှတ်တော်လစ်လပ်နယ်မြေ ၆ ခု တို့မှာ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒုတိယညွှန်ကြားရေးမှူး ဦးကောင်းမြတ်ဟိန်းသူ က ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက လုံခြုံရေး အခြေအနေအရ မကျင်းပဖြစ်ခဲ့တဲ့ နယ်မြေ ၂ခု အခု ကြားဖြတ်မှာ ပါဝင်တယ်လို့ ပြောပါတယ်။

“၂၀၁၅ ခုနှစ်က မကျင်းပဖြစ်တဲ့ထဲက မိုင်းရှူးနဲ့ ကျေးသီး ပြန်ပါလာတယ်ဗျ။ သူက မြို့နယ်တခုမှာ ပြည်သူ့လွှတ်တော်တခုနဲ့ တိုင်းဒေသကြီး လွှတ်တော် ၂ခု ပါတယ်။ အားလုံးပေါင်းရင် မြို့နယ် ၂ ခုမှာ အားလုံး ၆ ခု ဖြစ်သွားမယ်။”

၂၀၁၅ ရွေးကောက်ပွဲမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့တဲ့ မြို့နယ် ၇ ခု အနက် ကျန်မြို့နယ် ၅ ခုမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ပေးနိုင်သေးပါဘူး။

ပန်ဆန်း၊ ပန်းဝါ၊ နားဖန်း၊ မိုင်းမောနဲ့ မိုင်းလား မြို့နယ်များမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၄၄ခု ရှိခဲ့ပြီး အန်အယ်လ်ဒီကိုယ်စားလှယ် ၄၃ ဦးအထိ အနိုင်ရခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013