DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ ဆွေးနွေး
DVB
·
October 30, 2011
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ ဆွေးနွေး
Donate to DVB

အမျိုးသားဒီမိုကရေစီ​ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်တို့ ဒီနေ့ တွေ့ဆုံရာမှာ တိုင်းရင်းသား​ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ ကိစ္စနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။

တခြား အသေးစိတ်အချက်အလက်တော့ ထုတ်ပြန်ချက်မှာ မပါပါဘူး။

စိမ်းလဲ့ကန်သာမှာ နေ့ခင်းတနာရီက စတင်ပြီး တနာရီနီး ပါးကြာမြင့်တဲ့ ဒီဆွေးနွေးပွဲဟာ ​ ​ပြည်ထောင်စု​ သမ္မတမြန်မာနိုင်ငံ​ အစိုးရ​ အဖွဲ့ရဲ့​​ ​ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်မြောက်​ ဖိတ်ကြားချက် ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အရင်ဆွေးနွေးပွဲတွေအပေါ် နိုင်ငံတော်က ကူညီ ဆောင်ရွက်ပေးတဲ့ အခြေအနေ၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်လာဖို့ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနဲ့ လွတ်လပ်စွာ ငွေကြေး လည်ပတ်သုံးစွဲခွင့် ရရှိရေးတို့၊ အရေးကြီးမှုနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။

အစိုးရသစ်လက်ထက်မှာ တတိယအကြိမ်  တွေ့ဆုံအပြီး နှစ်ဖက် ပူးတွဲ ကြေညာချက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတက စဉ်းစားနေတဲ့ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဥပဒေပြင်ပ လက်နက်စွဲကိုင် ဆန့်ကျင်သူများ ဥပဒေဘောင်တွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးဖို့ အစိုးရက ကြိုးပမ်းနေတဲ့ ကိစ္စနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ ပူးတွဲဆောင်ရွက်ဖို့ကိစ္စနဲ့ ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

ဝန်ကြီးဦးအောင်ကြည်နဲ့ နှစ်ကြိမ်တွေ့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီနောက် မကြာသေးခင်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လွတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်အစိုးရလက်ထက် ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၅ ကစလို့ ၉ ကြိမ် တွေ့ခဲ့ပေမယ့် သိသာထင်ရှားတဲ့ ရလဒ်တစုံတရာ မထွက်ပေါ်ခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013