DVB Logo
Home
မြန်မာသတင်း
အင်းဝအပ်ချုပ်ဆိုင်မိသားစု၏ နှိပ်စက်ခံခဲ့ရသည့် မိန်းကလေးကို ခွဲစိတ်ကုသပေးနေ
DVB
·
October 11, 2016
အင်းဝအပ်ချုပ်ဆိုင်မိသားစု၏ နှိပ်စက်ခံခဲ့ရသည့် မိန်းကလေးကို ခွဲစိတ်ကုသပေးနေ
Donate to DVB

အင်းဝအပ်ချုပ်ဆိုင်မိသားစုရဲ့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေးငယ် မစန်းကေခိုင်ရဲ့ လက်တွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မစန်းကေခိုင်ရဲ့ လက်တွေကို အကောင်းဆုံး အခြေအနေအဆင့်တခုထိ ပြန်ရောက်အောင် ခွဲစိတ်ကုသပေးသွားမယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာခင်မောင်မြင့်က ပြောပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူမိန်းကလေးရဲ့ ညာဘက်လက်ကို အောက်တိုဘာ ၅ ရက်နေ့က စတင်ခွဲစိတ်ပေးခဲ့တာဖြစ်ပြီး လက်နှစ်ဘက်စလုံး တပြိုင်တည်းခွဲစိတ်လိုက်ရင် လူနာအတွက် အခက်ခဲရှိနိုင်တဲ့အတွက် တဘက်တည်းကို အရင်ခွဲစိတ်ပေးတာလို့လည်း ဒေါက်တာခင်မောင်မြင့်က ပြောပါတယ်။

ခွဲစိတ်ကုသထားတဲ့ လက်ချောင်းတွေရဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး တိုးတက်မှုအခြေအနေပေါ် မူတည်ကာ ဘယ်ဘက်လက်ကို ဆက်လက်ခွဲစိတ်ကုသ ပေးသွားမယ်လို့လည်း ဆိုပါတယ်။

အသက် ၁၆ နှစ်အရွယ် မစန်းကေခိုင်ဟာ အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေစဉ် အလုပ်ရှင်မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်ခံရပြီး လက်ချောင်း ၁၀ ချောင်းစလုံး အချိုးခံခဲ့ရတာပါ။

အင်းဝအပ်ချုပ်ဆိုင်က မိသားစုဝင် ၆ ဦးကိုတော့ ကျောက်တံတားမြို့မ ရဲစခန်းက ပုဒ်မ ၃၂၆/၃၂၅/၃၄၄/၁၁၄ နဲ့ အမှုဖွင့်ထားပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားသလို မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ကလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၉/၂၄/၃၂ တွေနဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013