DVB Logo
Home
မြန်မာသတင်း
ရေအားလျှပ်စစ်စက်ရုံဝန်ထမ်း ၅ ဦးကို ကိုးကန့်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်
DVB
·
October 11, 2016
ရေအားလျှပ်စစ်စက်ရုံဝန်ထမ်း ၅ ဦးကို ကိုးကန့်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ရှိ ရှောက်ကိုင် (ရင်ဖန်ထို) ရေအားလျှပ်စစ် စက်ရုံဝန်ထမ်း ၅ ဦးကို အမ်အန်ဒီအေအေ ကိုးကန့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

လောက်ကိုင်မြို့နယ်၊ ညံခွမ်းကျေးရွာနဲ့ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ရှောက်ကိုင် (ရင်ဖန်ထို) ရေအားလျှပ်စစ်စက်ရုံကို အောက်တိုဘာ ၈ ရက် ည ၈ နာရီခန့်က  အမ်အန်ဒီအေအေ အင်အား ၁၅ ဦးခန့် ရောက်ရှိလာပြီး လူငယ်ဝန်ထမ်း လီကျင်းဖု၊ ကောင်းလူ၊ ကျန်းချင်း၊ ဝမ်းစန်းနဲ့ ရှောက်ရှန်းတို့ ၅ ဦးကို လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

စက်ရုံက အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့ ၀န်ထမ်း ၂ ဦးကိုတော့ ခေါ်ဆောင်မသွားဘဲ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

လောက်ကိုင်မှာနေတဲ့ ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအန်တိုနီစူကတော့ ကိုးကန့်တပ်ဘက်မှာ အဲလိုလုပ်နိုင်ဖို့ အင်အားမရှိတော့ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော် လောက်ကိုင်မှာ ရှိနေတာပဲ၊ ဘာမှမကြားပါဘူး၊ အဲဒီရေအားလျှပ်စစ်စက်ရုံက ပိတ်ထားတာကြာပြီ၊ တခုတော့ ကျနော်ပြောချင်တာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အမြောက်သံကြားမယ်၊ သေနတ်သံကြားမယ်ဆိုလို့ရှိရင် တပ်မတော်ဘက်ကပဲ လုပ်တာများတယ်၊ ရှင်းရှင်းပြောရရင် အမ်အန်ဒီအေအေက သူတို့မှာ ဘာမှအားမရှိဘူး၊ တိုက်တာတို့ ဘာမှ အင်အားမရှိဘူး၊ တပ်မတော်က တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်ချင်လို့ အဲလိုပဲ အကြောင်းရှာတတ်တယ်။”

ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်းတွေကို ပြန်လည်ကယ်တင်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013