DVB Logo
Home
မြန်မာသတင်း
မြင်းခြံအကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်ပွား
DVB
·
October 11, 2016
မြင်းခြံအကျဉ်းထောင်အတွင်း ဆူပူမှုဖြစ်ပွား
Donate to DVB

မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်အတွင်း ဒီနေ့မနက် ၇ နာရီခန့်ကစပြီး ထောင်တွင်းဆူပူမှုဖြစ်ပွားလို့ လက်နက်အပြည့်အစုံနဲ့ ရဲအင်အား ၃၀ လောက် သွားရောက်ထိန်းသိမ်း ဆောင်ရွက်နေရပါတယ်။

ထောင်တွင်းရန်ဖြစ်ပြီး ဆူပူမှုတွေဖြစ်လို့ သွားရောက်ထိန်းသိမ်းခဲ့ရတာလို့ မြင်းခြံမြို့နယ် ရဲစခန်းက ရဲအုပ်ဝေလင်းထွဋ်က ပြောပါတယ်။

“ဆန္ဒပြတာတော့ မဟုတ်ဘူးဗျာ။ အကျဉ်းသားတွေ ရန်ဖြစ်တာကို ထောင်ပိုင်နဲ့အဖွဲ့က နည်းနည်း ထိန်းရင်းကနေပြီးတော့ အကျဉ်းသားတွေဘက်က နည်းနည်း အော်ကြဟစ်ကြ ဆူကြတယ်လို့ ကြားပါတယ်ဗျာ။ အထဲထဲမှာတော့ အကျဉ်းသားတွေက အော်နေကြတာပေါ့။ အစုံအော်နေကြတာပေါ့။ ဆန္ဒပြတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ လောလောဆယ် ရန်ဖြစ်တာကို ထိန်းရင်းနဲ့ ရုတ်ရုတ်ဖြစ်တဲ့ အနေအထားပါ။”

မြင်းခြံအကျဉ်းထောင်မှာ လွန်ခဲ့တဲ့ ၅ လလောက်က ထောင်ပိုင်အသစ် ပြောင်းလာပြီးနောက်ပိုင်း ထောင်တွင်း မတရားခိုင်းစေမှုတွေရှိခဲ့လို့ ထောင်သားတွေ မကျေနပ်မှုတွေ ရှိခဲ့တယ်လို့ ထောင်ဝင်စာသွားတွေ့တဲ့ မြင်းခြံထောင်တွင်း ထိန်းသိမ်းခံရသူတဦးရဲ့ အစ်မဖြစ်သူက ပြောပါတယ်။

“စနေ၊ တနင်္ဂနွေနေ့ နားရက်တွေကိုလည်း အကုန်ခိုင်းစားတယ်။ စနေ၊ တနင်္ဂနွေက ၀န်ထမ်းတိုင်းလိုလို နားခွင့်ရှိသလို ထောင်သူထောင်သားတိုင်းလည်း နားခွင့်ရှိပါတယ်။ ပြီးတော့ ဒီမှာ အဆောက်အဦ နားနေဆောင်ဆိုတာ လုပ်ထားပါတယ်။ အဲမှာ တီဗွီရှိတယ်။ အဲမှာ ကလေးတွေက ၅၀၀ နှုန်း၊ ၁၀၀၀ နှုန်းကောက်ပြီး ရထားတဲ့ တီဗွီလေးကို ယူတယ်။ ယူပြီး နားနေဆောင်မှာ လာချိတ်တယ်။ ကျမ ထောင်ဝင်စာလာလာတွေ့ရင်းနဲ့ ဒီအကြောင်းတွေ သိရတာ။”

ဆူပူမှုဖြစ်ပွားတဲ့ ဖြစ်စဉ်အသေးစိတ်သိရဖို့ မြင်းခြံထောင်ကို မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

မြင်းခြံအကျဉ်းထောင်မှာ ခန့်မှန်းခြေ အကျဉ်းသား ၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013