DVB Logo
Home
မြန်မာသတင်း
တပ်မတော်နယ်မြေရှင်းတပ်ဖွဲ့ကို လူ ၂၀ ခန့်က ရုတ်တရက်တိုက်ခိုက်
DVB
·
October 11, 2016
တပ်မတော်နယ်မြေရှင်းတပ်ဖွဲ့ကို လူ ၂၀ ခန့်က ရုတ်တရက်တိုက်ခိုက်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် လူ ၂၀ လောက်က ရုတ်တရက်တိုက်ခိုက်လာတဲ့အတွက် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေကို တပ်မတော်က ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

မောင်တောမြို့နယ် မြို့သူကြီးကျေးရွာဝန်းကျင်မှာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတွေ ရောက်ရှိနေတယ်လို့ သတင်းအရ တပ်မတော်က မနေ့မနက်ပိုင်းမှာ နယ်မြေရှင်းလင်းစဉ်  ကျေးရွာအနီး ကွမ်းခြံအတွင်းက အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၂၀ လောက်က တုတ်၊ ဓား လက်နက်တွေနဲ့ ရုတ်တရက် တိုက်ခိုက်လာတာကြောင့် ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရတာလို့ ဖော်ပြထားပါတယ်။

အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေ ထွက်ပြေးသွားခဲ့ကြပြီး အလောင်း ၄ လောင်းနဲ့ လုပ်သေနတ်တလက်၊ ကျည်သုံးတောင့်နဲ့ ဓားတလက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်ထဲက နယ်ခြားစောင့် ကင်းစခန်း ၃ ခုကို အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြောင့် ရဲအရာရှိတဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ပျောက်ဆုံးနေတဲ့ ရဲတပ်သားတဦးနဲ့ လက်နက်တလက်တို့ကို မနေ့က သီးခြားစီ ပြန်လည်တွေ့ရှိခဲ့တယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ငါးခူရနယ်မြေရဲစခန်း အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရစဉ်က လုံခြုံရေးတာဝန် ထမ်းဆောင်ရင်း ပျောက်ဆုံးသွားတဲ့ ရဲတပ်သား ကိုထိုက်ကို ငါးခူရရဲစခန်း အနောက်ဘက် ၂ မိုင်လောက်က ဓနိတောထဲမှာ ဒဏ်ရာမရဘဲ ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အခြေအနေမှန်တွေ သိရှိနိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် ပြည်သူလူထုကို ရှင်းလင်းပြောကြားဖို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ခေါင်းဆောင်တဲ့အဖွဲ့ အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013