DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် သူ့ကြားမှာ တရားလိုပြ​ ​သက်​သေ​များ​​ ရန်တိုက်ပေးနေသည်ဟု ဦးအေးလွင်ဆို
DVB
·
October 30, 2011
သမ္မတနှင့် သူ့ကြားမှာ တရားလိုပြ​ ​သက်​သေ​များ​​ ရန်တိုက်ပေးနေသည်ဟု ဦးအေးလွင်ဆို
Donate to DVB

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အစိုးရကို ဝေဖန်ခဲ့တဲ့ ကိစ္စဟာ အစိုးရနှင့် သူတို့ပါတီကို တရားလိုတွေဘက်က ရန်တိုက်ပေးနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

[caption id="attachment_12103" align="alignleft" width="310" caption="ဦးအေးလွင် (ဓာတ်ပုံ-အေအက်ဖ်ပီ)"][/caption]

ပြီးခဲ့တဲ့ ဇူလိုင်လ အာဇာနည်နေ့ တုန်းက သမ္မတဦးသိန်းစိန်နှင့် လက်ရှိအစိုးရကို အပြောနဲ့ အလုပ် မညီတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့တဲ့ ကိစ္စကို မဆိုင်တဲ့ တခြားအမှုတခုမှာ တရားလို သက်သေတွေက ထွက်ဆို​နေတာကို ဦးအေးလွင်က စွပ်စွဲလိုက်တာပါ​​။

“အစိုးရနဲ့​ ကျနော်တို့ကို​ ပြဿနာ​ တည်ပေးတဲ့နည်းပေါ့ဗျာ။ သူတို့​ ထွက်ချက်ထဲမှာ ဥပမာ သမ္မတ ဦးသိန်းစိန်ကို ကျနော်တို့က အရူးလို့ သတ်မှတ်ထားတာတို့ ဘာတို့ဆိုတာ ကျနော်တို့အနေနဲ့ မပြောခဲ့ဘူး။ အာဇာနည်နေ့တုန်းက ကျနော်တို့ ပြောခဲ့တာက ဦးသိန်းစိန်က ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့ အစိုးရလို့ ပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့အတွက်ကြောင့် ဒီစကားတွေက လေထဲ လွင့်လိုက်ပြီလား၊ ရေထဲမျောလိုက်ပြီလား၊ ဦးသိန်းစိန်ကိုယ်တိုင် ရူးပဲ ရူးသွားပြီလားလို့ အာဇာနည်နေ့တုန်းက ပြောတဲ့ ကိစ္စပါ။ ဒီအမှု ကိစ္စမှာ ကျနော့်အနေနဲ့ ဦးသိန်းစိန်ကို နာမည်လည်း ထည့်မပြောဘူးလေ။ အဲလို ရူးသွားပြီလို့ မပြောဘူး။ ဒါပေမယ့် သက်သေ ထွက်ချက်ထဲမှာ ဦးသိန်းစိန်ကို ရူးသွားပြီလို့ ထည့်ပြောထားတယ်ဗျာ။”

လှည်းကူးမြို့နယ်ထဲက လမ်းအကောက်ဂိတ်မှာ လမ်းဖြတ်သန်းခကောက်ခံတဲ့ ၀န်ထမ်းတွေနဲ့ အငြင်းပွားပြီးတဲ့ ၀တ္တရာနှောင့်ယှက်မှုနဲ့ ဦးအေးလွင်ကို တရားစွဲထားပါတယ်။

အဲဒီ အငြင်းပွားမှုမှာ ဦးအေးလွင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း မှတ်ပုံတင်ခြင်း ဥပဒေ အရ နိုင်ငံရေးပါတီတွေ အခွန်ကင်းလွတ်ခွင့်ရှိတယ်ဆိုတဲ့အချက်ကြောင့် ဂိတ်ကြေးပေးဖို့ ငြင်းဆန်ခဲ့တဲ့နောက် ဂိတ်က ၀န်ထမ်းတွေနဲ့ စကား​ အခြေအတ​ င်ဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံးမှာ ဦးအေးလွင်တို့ဘက်က အလျှော့ပေးပြီး ကားဖြတ်သန်းခ ကျပ် (၅၀၀၀) ပေးခဲ့ပေမယ့်၊  ၀တ္တရားနှောင့်ယှက်မှုနဲ့ လှည်းကူးမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင် နေရပါတယ်။

“ကျနော်တို့နဲ့ အငြင်းပွားဖွယ်ကိစ္စ ဖြစ်ပြီးတော့ သူတို့က ဆိုင်ရာအထက်ကို တင်တယ်။ ပြီးတော့ အမှုဖွင့်တယ်။ အဲဒါကို ဆောက်လုပ်ရေးဝန်ကြီးက နိုင်ငံတော် သမ္မတကို အစီအရင်ခံတယ်။ နိုင်ငံတော်သမ္မတကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို လိုအပ်သလို အရေးယူဆောင်ရွက်ရန် ဆိုပြီး ချပေးလိုက်တယ်။ အဲတော့ ဒီအမှုကိစ္စက သမ္မတကိုယ်တိုင် ပါသလို ဖြစ်နေတာပေါ့ဗျာ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း စာထွက်လိုက်တာကိုး။ တရားရုံးကိုလည်း ပို့တယ်။ နိုင်ငံရေးပါတီအားလုံးကို ပို့တဲ့ စာထဲမှာ နယ်စပ်တရားရုံးက တရားစွဲပေါ့။ ထိထိရောက်ရောက် အရေးယူပေါ့။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေအရလည်း သူက ထိထိရောက်ရောက် အရေးယူမယ်ပေါ့ဗျာ။ တကယ်တော့ ဘာမှ မပြောပလောက်တဲ့ ကိစ္စက ပုံကြီးချဲ့ထားသလို ဖြစ်နေတာပေါ့ဗျာ။”

သော​ကြာ​နေ့​​ အမှုချိန်းမှာ​လည်း​​ ​လုံ​ခြုံ​ရေးတွေ ရာနဲ့ချီပြီး​ ချထားတယ်လို့ မျက်မြင် တယောက်က ပြောပါတယ်။

“ဦးအေးလွင်ကို တရားစွဲထားတဲ့ ကိစ္စကို ရုံးထုတ်တော့ ရဲက လူအင်အား ၂၀၀ လောက် လာမယ်ဆိုတော့ အရင်က ၅၀၊ ၁၀၀ လောက်ပဲ လာတာကိုး။ ရဲကလည်း မနည်းဘူးဗျ။ အင်အား ၂၀၀ နီးနီးလောက် ရှိမယ်။ ပုံမှန်ပဲ စစ်သွားပြီးတော့ ဘာမှတော့ ပြဿနာ မဖြစ်လိုက်ဘူး။”

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးအေးလွင်ဟာ အရင် စစ်အစိုးရကို ထောက်ခံတဲ့ လုပ်ရပ်တွေကြောင့်  ဝေဖန်ခံခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တဲ့အခါမှာလည်း သူတို့ ပါတီက ၀င်ပြိုင်တဲ့ နေရာတိုင်းမှာ ရှုံးခဲ့ပါတယ်။

လမ်းဖြတ်သန်းခကိစ္စနဲ့ ပတ်သက်လို့ သူ့ပါတီက လောလောဆယ် အမှုရင်ဆိုင်နေရပေမယ့် ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပတ်သက်လို့ ပါတီရဲ့ တိုင်တန်းချက်တွေကိုတော့ သက်ဆိုင်ရာက အရေးယူတာ မရှိသေးဘူးလို့ ဦးအေးလွင်က ပြောပါတယ်။

လက်ရှိ ရင်ဆိုင်နေရတဲ့အမှုကြောင့် သူတို့ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ အနှောင့်အယှက် ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။  အမှုမှာ တရာလိုသက်သေတွေရဲ့ မမှန်မကန် ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့လည်း သမ္မတ ဦးသိန်းစိန်အထိ စာပို့ပြီး ရှင်းလင်း ထားတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013