DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေစခန်းကို တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့်ဗုံးကြဲ
DVB
·
October 10, 2016
ကေအိုင်အေစခန်းကို တပ်မတော်က တိုက်လေယာဉ် ၂ စီးဖြင့်ဗုံးကြဲ
Donate to DVB

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ရှေ့တန်းလုံခြုံရေးစခန်းကို မြန်မာအစိုးရ တပ်မတော်က ဒီနေ့မနက် တိုက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့  ကေအိုင်အေဘက်က ပြောပါတယ်။

ဒီကနေ့မနက် ၈ နာရီခွဲလောက်က ၀ိုင်းမော်မြို့နယ်ရှိ ကေအိုင်အေတပ်ရင်း ၂၅၂ ရဲ့ ရှေ့တန်းလုံခြုံရေးစခန်းကို လာရောက်ဗုံးကြဲသွားသလို မြေပြင်ကလည်း အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခဲ့တယ်လို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဒီဗွီဘီကို ပြောပါတယ်။

“ဒီမနက်က အင်ခန်ဘွမ်စခန်းဘက်မှာ တပ်မတော်ဘက်က လေယာဉ်နဲ့လာပစ်တဲ့ အခြေအနေ ရှိပါတယ်။ ဗုံးတွေလာကြဲတယ်၊ စက်သေနတ်တွေနဲ့ပစ်တယ်။ အဓိကကတော့ ဗုံးလာကြဲတာပါ။ မြေပြင်ကလည်း လက်နက်ကြီးနဲ့ပစ်တယ်၊ ကန်ဘွမ့်ဆိုတဲ့ တောင်ကြောကနေပေါ့၊ အဲဒါက အင်ခန်ဘွမ်ဆိုတဲ့ တောင်ကြောက တဆက်တည်း၊ ကျနော်တို့ဘက်က ခုခံပြန်တိုက်နေလို့ အပြင်းအထန်ဖြစ်နေတယ်။”

ဒါ့အပြင် မြစ်ကြီးနား-ဗန်းမော်လမ်းဘက်မှာလည်း ပစ်ခတ်မှုတွေ ဖြစ်နေပြီး ခုလို အစိုးရတပ်မတော်က ကချင်ပြည်နယ်အနှံ့မှာ စစ်ကြောင်းတွေ ထိုးစစ်ဆင်ပြီး ရှေ့တန်းစခန်းတွေ တိုက်ခိုက်နေတာဟာ ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ချင်လို့ ယူဆရတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

တဘက်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးဖို့ ဆွေးနွေးပွဲတွေ ကျင်းပနေချိန်မှာ တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာကို မလိုလားကြောင်း ပြသနေတာလို့ ကေအိုင်အေက ပြီးခဲ့တဲ့ရက်ပိုင်းက သဘောထားထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် ပြည်တွင်းစစ်မီး ပိုမို ကျယ်ပြန့်စေနိုင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို တပ်မတော်က တာဝန်ခံရမှာဖြစ်တယ်လို့ ကေအိုင်အိုက အောက်တိုဘာ ၈ ရက် ကြေညာချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013