DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် လက်နက်နှင့်အတူ ဖမ်းဆီးခံရသူများ ၀တပ်ဖွဲ့ဝင်မဟုတ်ဟု ငြင်းဆို
DVB
·
October 10, 2016
မူဆယ်တွင် လက်နက်နှင့်အတူ ဖမ်းဆီးခံရသူများ ၀တပ်ဖွဲ့ဝင်မဟုတ်ဟု ငြင်းဆို
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ လက်နက်နဲ့အတူ ဖမ်းဆီးခံရသူတွေဟာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) က တပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ ၀တပ်ဖွဲ့ဘက်က ငြင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့က မူဆယ်မြို့၊ အော်ရီရန်တယ် တိုးဂိတ်မှာ ရဲတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်တွေကိုစစ်ဆေးစဉ်  တိုယိုတာကားတစီးပေါ်က လူတဦးရဲ့ခါးမှာ ပစ္စတိုသေနတ်တလက် တွေ့ရှိခဲ့ပါတယ်။

အဲဒီကားနဲ့ ကားပေါ်ပါသူ ၃ ဦးကို မူဆယ်ရဲစခန်းမှာ ဆက်လက်စစ်ဆေးမေးမြန်းတဲ့အခါ ၂ ဦးက ယူဒဗလျူအက်စ်အေ “ဝ” အဖွဲ့မှ တပ်သားအဆင့်ရှိသူ ကျန်းရင်ဖုန်းနဲ့ အားချန့်တို့ဖြစ်ပြီး သူတို့ဟာ မူဆယ်မြို့ရှိ ယူဒဗလျူအက်စ်အေ “ဝ” အဖွဲ့ပိုင် ပန့်ခန့်စိန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှဖြစ်ကြောင်း စစ်တပ်ပိုင် မြ၀တီသတင်းက ဖော်ပြခဲ့ပါတယ်။

ယူဒဗလျူအက်စ်အေ လားရှိုးဆက်ဆံရေးရုံး ဒု-တာဝန်ခံ ဦးညီရန်းကတော့ ဖမ်းဆီးခံရတဲ့သူတွေဟာ သူတို့တပ်ဖွဲ့က မဟုတ်ကြောင်းနဲ့ ၀တပ်ဖွဲ့ရဲ့နာမည်ကို အလွဲသုံးစားလုပ်နေတဲ့အဖွဲ့ ဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့ ဒါမျိုး သေနတ်တွေနဲ့ ဖမ်းမိတယ်လို့ ကျနော်တို့ကို အကြောင်းကြားလာတယ်။ ကျနော်တို့ကတော့ စရဖကို အကြောင်းကြားထားပြီးသားပဲ။ ရဲတပ်တွေကို အကြောင်းကြားလား မကြားလား မသိဘူး။ ဒီကိစ္စ ဒီအဖွဲ့တွေက ကျနော်တို့ ၀နာမည်ကို အလွဲသုံးစားလုပ်ပြီးမှ အလုပ်လုပ်နေတဲ့ အဖွဲ့ဖြစ်တယ်။ ကျနော်တို့ လူကြီးတွေနဲ့ ဌာနချုပ်က လူကြီးတွေနဲ့ ခင်တာတော့ ခင်တယ်။ ဒါပေမယ့် အဲဒီခင်မင်မှုကို အလွဲသုံးစားလုပ်ပြီးမှ စီးပွားရေးနယ်မြေဒေသခံတချို့ကို စုပြီးမှ ကျနော်တို့ ၀ရဲ့နာမည်ကို အလွဲသုံးစားလုပ်ကြတာပေါ့နော်။”

ဖမ်းဆီးခံရသူတွေသုံးတဲ့ ဝ တပ်ဖွဲ့တံဆိပ်ပါပစ္စည်းဟာ တရုတ်ပြည်မှာ အလွယ်တကူပြုလုပ်လို့ရသလို ဒီအဖွဲ့ဟာ သူတို့နဲ့ သက်ဆိုင်မှုမရှိကြောင်းလည်း လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက အစိုးရတပ်ကို အကြောင်းကြားထားပြီးသားဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013