အောက်တိုဘာလ ၁၀ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
October 10, 2016
အောက်တိုဘာလ ၁၀ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၂၅၈ ကျပ်၊ ၁ ယူရိုငွေကို ၁၄၀၈ ဒသမ ၂ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၁၆ ဒသမ ၂၄ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၂ ဒသမ ၉၉ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၆ ဒသမ ၀၃ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၈၅၄၆၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၈၅၄၈၀၀ ကျပ် ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၆၂ ဒသမ ၂၀ ဒေါ်လာ ဈေးပေါက်ပါတယ်။











