DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များ စစ်သွေးကြွနေအိမ်များသို့ ၀င်ရောက်စီးနင်း (ရုပ်သံ)
DVB
·
October 9, 2016
ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များ စစ်သွေးကြွနေအိမ်များသို့ ၀င်ရောက်စီးနင်း (ရုပ်သံ)
Donate to DVB

ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေ စနေနေ့က စစ်သွေးကြွနေအိမ်တွေကို ၀င်ရောက်စီးနင်းခဲ့ပြီး စစ်သွေးကြွ ၁၁ ယောက် သုတ်သင်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ကပြောဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့ကို လျှို့ဝှက်သတင်းပေးမှုတွေနဲ့ သွားရောက်စီးနင်း ရှင်းလင်းခဲ့တာဖြစ်ပြီး ၂ နေရာကတော့ ဒါကာမြို့တော်နားမှာဖြစ်ပါတယ်။

နောက်တနေရာကတော့ ဒါကာမြို့တော်နဲ့ မိုင်တရာအကွာက တန်ဂလ် Tangail ခရိုင်မှာဖြစ်ပါတယ်။

ဒါကာမြို့တော်နားမှာ စစ်သွေးကြွတွေနဲ့ ၃ နာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး သေဆုံးခဲ့သူတွေအားလုံးဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ဒါကာမြို့တော်က ကော်ဖီဆိုင်ကို အကြမ်းဖက်စီးနင်းခဲ့ကြတဲ့ ဂျမက်အူမူဂျာဟေဒင် Jamaat-ul-Mujahideen အကြမ်းဖက် အဖွဲ့ဝင်တွေဖြစ်မယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုပါတယ်။

အကြမ်းဖက်အဖွဲ့ခေါင်းဆောင်လို့ ယုံကြည်ရသူလည်း ဒါကာမြို့တော်နားက စီးနင်းမှုမှာ သေဆုံးခဲ့တယ်လို့လည်း ပြောဆိုပါတယ်။

ဇူလိုင်လက ဒါကာမြို့တော်မှာ နိုင်ငံခြားသားတွေအသွားများတဲ့ ကော်ဖီဆိုင်ကို အကြမ်းဖက်လက်နက်ကိုင်တွေ ၁၂ နာရီကြာစီးနင်းခဲ့မှုမှာ လူ ၂၂ ဦးသေဆုံးခဲ့ပါတယ်။

အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကတော့ သူတို့ရဲ့လက်ချက်လို့ ကြေညာပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ပြည်တွင်းက မွတ်ဆလင်အစွန်းရောက်တွေရဲ့ လက်ချက်လို့ပဲပြော ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013