DVB Logo
Home
မြန်မာသတင်း
အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းသည့်အတွက် မြန်မာအစိုးရ ကြိုဆို
DVB
·
October 9, 2016
အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းသည့်အတွက် မြန်မာအစိုးရ ကြိုဆို
Donate to DVB

မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပေးတဲ့အတွက် မြန်မာအစိုးရ က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါတယ်။

ဒီနေ့ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ “ယခုအခါ အမေရိကန်သမ္မတ အိုဘားမားမှ ၇-၁၀-၂၀၁၆ ရက်နေ့ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအစိုးရမှ မြန်မာနိုင်ငံအပေါ် နှစ်ပေါင်း ၂၀ နီးပါး ပြုလုပ်ခဲ့သည့် စီးပွားရေးအရ တားဆီးပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းပေးလိုက်ခြင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရအနေဖြင့် ၀မ်းမြောက်စွာ ကြိုဆိုပါတယ်”လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စီးပွားရေးအရ တားဆီးပိတ်ဆို့မှုများအားလုံး ရုပ်သိမ်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာစေရေးကို ပိုမိုလွယ်ကူလာစေမည် ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာ စေမည်ဖြစ်ပါသည်။

ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများတိုးတက်များပြားလာခြင်းမှသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ထွန်းလာစေရေးနှင့် လူနေမှု အဆင့်အတန်း မြှင့်တင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အကူပြုစေမည် ဖြစ်ပါတယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သွားခဲ့တဲ့ အမေရိကန် ခရီးအတွင်း သမ္မတအိုဘားမားက မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်း အားထုတ်မှုများ၊ လူ့အခွင့်အရေးနှင့် အခြေံခံလွတ်လပ်ခွင့်များ မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများမှာ တိုးတက်မှုများရရှိနေသည်ကို အသိအမှတ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ ချမှတ်ထားသည့် ကျန်ရှိနေသည့် စီးပွားရေးတားဆီးပိတ်ဆို့မှုများ အားလုံးကို ရုပ်သိမ်းပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013