ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုအကြောင်း စာအုပ်မိတ်ဆက်ပွဲ ကျင်းပ
DVB
·
October 9, 2016
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ရေးသားထားတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှုအကြောင်း စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ မနက် ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပါတယ်။
စာအုပ်မိတ်ဆက်ပွဲမှာ သူဦးတင်ဦး မောင်မိုးသူ ဇာဂနာ စတဲ့ နိုင်ငံရေးနဲ့ စာပေအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး အန်အယ်လ်ဒီနာယက သူရဦးတင်ဦးကတော့ ဒီစာအုပ်ဟာ သေးငယ်ပေမယ့် သမိုင်းတကွေ့မှာသင်ခန်းစာယူစရာဖြစ်မယ်လို့ ပြောပါတယ်။