DVB Logo
Home
မြန်မာသတင်း
ဘာလူချီစတန် ခရိုင်တွင် ရထားတစီး ဗုံးဖောက်ခွဲခံရ၊ အနည်းဆုံး လူ ၄ ဦးသေ(ရုပ်သံ)
DVB
·
October 8, 2016
ဘာလူချီစတန် ခရိုင်တွင် ရထားတစီး ဗုံးဖောက်ခွဲခံရ၊ အနည်းဆုံး လူ ၄ ဦးသေ(ရုပ်သံ)
Donate to DVB

ပါကစ္စတန်နိုင်ငံရဲ့ မငြိမ်သက်တဲ့ အနောက်ပိုင်းဒေသ ဘာလူချီစတန် ခရိုင်မှာ ရထားတစီးကို ပစ်မှတ်ထားပြီး သောကြာနေ့က ဗုံး ၂ လုံး ဖောက်ခွဲခဲ့လို့ လူအနည်းဆုံး ၄ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။

ခရိုင်မြို့တော် ကက်တာနဲ့ နိုင်ငံ့မြို့တော် အစ္စလာမ်မာဘတ်နားက ရာဝယ်ပင်ဒီ မြို့တွေကြား ပြေးဆွဲတဲ့ ဂျဲ့ဖာ အမြန်ရထားကို ပစ်မှတ်ထား ဖောက်ခွဲခဲ့တာပါ။

ပထမ ပေါက်ကွဲမှုကြောင့် ရထားရပ်ပြီး တွဲတွေပေါ်က ဆင်းချိန်မှာ တခြား ရထားတွဲ တခုအောက်ကနေ ဒုတိယအကြိမ် ဗုံးပေါက်ခဲ့တာလို့ ကက်တာမြို့ အကြီးတန်း ရထား အရာရှိ ခါရှစ်အဲ့ခ်တာက ပြောပါတယ်။
ကက်တာက ရထားဝန်ဆောင်မှုတွေ ရပ်ဆိုင်းခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွက် ဘယ်အုပ်စုကမှ တာဝန်မခံသေးပါဘူး။

အရင်ကတော့ ဘာလုခ်ျ တိုင်းရင်းသား သူပုန်တပ်က ခရိုင်တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ပစ်မှတ်ထား တိုက်ခိုက် ဖူးပါတယ်။
ကြာသပတေးနေ့ကလည်း ကက်တာမြို့နားက ရထားလမ်းပေါ်မှာ တိုက်ခိုက်သူ တယောက်က ဖောက်ခွဲရေး ပစ္စည်းတွေ ချထားခဲ့သေးတယ်လို့သူက ဆက်ပြောပါတယ်။

ဘာလူချီစတန် လွတ်မြောက်ရေး တပ်ဦးက အကြီးအကဲ အလာနာဇာဘာလုခ်ျက ပါကစ္စတန် အစိုးရကို တိုက်နေတဲ့ သူ့အုပ်စုအတွက် အိန္ဒိယအပါအဝင် နိုင်ငံတကာ အကူအညီကို တောင်းခံခဲ့ပါတယ်။
အခြေခံ အဆောက်အဦကို တိုက်ခိုက်မှုကြောင့် တရုတ်ပါကစ္စတန် စီးပွားရေး စင်္ကြန် စီမံကိန်းအတွက် ဒေါ်လာ ၄၅ ဘီလျံ ရင်းနှီးမြှုပ်နှံနေတဲ့ တရုတ်နိုင်ငံနဲ့ တခြား အိမ်နီးချင်း နိုင်ငံတွေ အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013