DVB Logo
Home
မြန်မာသတင်း
တရားမဝင် သယ်ဆောင်လာတဲ့ ကျွန်းသစ်နှင့် တမလန်း သစ်တွေဖမ်းဆီးရမိ
DVB
·
October 8, 2016
တရားမဝင် သယ်ဆောင်လာတဲ့ ကျွန်းသစ်နှင့် တမလန်း သစ်တွေဖမ်းဆီးရမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့ အဝင် မောင်းတံဂိတ်မှာ အောက်တိုဘာလ (၇) ရက်နေ့ မနက်ပိုင်းအချိန်က တရားမဝင် ကျွန်းခွဲသားတွေ တင်လာတဲ့ ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့် ဘက်ကနေ ကရဝေးအိတ်တွေ ဖုံးအုပ် တင်ဆောင်လာတဲ့ Nissan အမျိုးအစား (၆) ဘီးယာဉ်တစ်စီးကို မြို့အဝင် မောင်းတံဂိတ်မှာ ကျွန်းသစ်ခွဲသား ၃.၉ တန်ကို ထီးချိုင့် သစ်တော နဲ့ ရဲ ပူးပေါင်းအဖွဲက ဖမ်းမိခဲ့တာပါ။

အဲဒါအပြင် ကသာခရိုင် ဗန်းမောက်မြို့နယ်မှာ အောက်တိုဘာလ (၇) ရက်နေ့ နေ့လည်ပိုင်း အချိန် ကလည်း Pajero အမျိုးအစား ကား(၁)စီးကို ရပ်တန့်ရှာဖွေရာ တရားမဝင် တမလန်း ဓါးရွေတုံး (၉) တုံး (၀.၅၅၀၄) တန်နဲ့ အတူ လူ(၃) ဦး ဖမ်းမိခဲ့တယ် လို့ ပြောပါတယ်။

တမလန်းသစ်နဲ့ ကျွန်းသစ်တွေဟာ ကသာခရိုင်အတွင်းမှာ ရှားပါးလာပြီ ဖြစ်သလို တရုတ်ပြည်နယ်စပ်မှာဈေးကောင်း ရရှိလာတာကြောင့် သစ်မှောင်ခို ထုတ်ယူသူတွေ များလာတာ လို့ ဒေသခံ တစ်ဦး က ပြောပါတယ်။

သက်ဆိုင်ရာ သစ်တောဌာနရဲ့ ခွင့်ပြုချက် စာရွက်စာတမ်းမပါပဲ အခုလို ကျွန်းသစ်နဲ့ တမလန်းသစ်တွေ တရားမဝင် သယ်ဆောင်လာသူ (၅) ဦးကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးမှု ဥပဒေ ပုဒ်မနဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ ကသာခရိုင် သစ်တောဦးစီးဌာနမှ သိရပါတယ်။

သတင်း - သီဟဆွေ (ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013