DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းပေါ်မတော်တဆဖြစ်မှု အိမ်စီးယာဉ်ငယ်များအဖြစ်များ
DVB
·
October 8, 2016
အမြန်လမ်းပေါ်မတော်တဆဖြစ်မှု အိမ်စီးယာဉ်ငယ်များအဖြစ်များ
1 / 2
Donate to DVB

ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆဖြစ်ပွားနှုန်းမြင့်တက်လာပြီး အဲဒီအထဲမှာ လူစီးယာဉ်ငယ်နဲ့ Light Truck ကားတွေအဖြစ်များတယ်လို့  အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက  စုံစမ်းသိရပါတယ်။

ယာဉ်အမျိုးအစားလိုက် စိစစ်တွေ့ရှိချက်အရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နှစ်စကနေ စက်တင်ဘာအထိ လူစီးယာဉ်ငယ် ၁၅၅ စီးမတော်တဆဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၇ ဦး ဒဏ်ရာရသူ ၁၇၀ ဦးရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နှစ်စကနေ စက်တင်ဘာလအထိ လူစီးယာဉ်ငယ် ၃၁၇ စီးထိ မတော်တဆဖြစ်ပွားမှု ၂ ဆလောက်တိုးလာခဲ့ပြီး  သေဆုံးသူ ၄၆ ဦး ဒဏ်ရာရသူ ၂၇၀ ဦး အထိ ရှိခဲ့ပါတယ်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးက ဒု-ရဲမှူးကြီး စိုးမြင့်ဦးက"ယာဉ်မတော်တဆမှုတွေကို သုံးသပ်ကြည့်ရာမှာ မဆင်မခြင် အရှိန်ပြင်းစွာမောင်းနှင်တာတွေကြောင့် ဖြစ်ပွားမှုများ လာတာကိုတွေ့ရတယ်"လို့ ပြောပါတယ်။

အမြန်လမ်းမကြီးပေါ်မှာ ၂၀၁၃ ခုနှစ်တုန်းက ယာဉ်မတော်တဆဖြစ်မှု စုစုပေါင်းကတော့  ၂၅၉ မှုဖြစ်ပေါ်ခဲ့ပြီး ၁၁၃ ဦးသေဆုံးကာ ၆၂၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ယာဉ်မတော်တဆမှု ၄၁၂ မှု၊ သေဆုံး ၁၅၇၊ ဒဏ်ရာရရှိမှု ၇၆၆ ဦး ရှိခဲ့ကာ ၂၀၁၅ ခုနှစ်မှာ ၄၅၃ စီး ယာဉ်မတော်တဆဖြစ်ပေါ်ကာ ထိခိုက်ဒဏ်ရာ ၁၀၃၃ ဦးနဲ့ သေဆုံးသူ ၁၂၄ ဦး ရှိခဲ့ပါတယ်။

ရန်ကုန် - မန္တလေး အမြန် လမ်းကြီးကို ၂၀၀၅ ခုနှစ်ကစတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လမှာ ဖွင့်လှစ်ခဲ့တာပါ။

ဒီလမ်းမကြီးပေါ်  ဖြတ်သန်းသွားလာနေတဲ့ယာဉ်အစီးရေပေါင်း ၂၀၀၀၀ လောက်ရှိတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013