DVB Logo
Home
မြန်မာသတင်း
ဘွဲ့ရများကို ကန်ထရိုက်စနစ်ဖြင့် ဆရာအဖြစ်ခန့်ထားမည်ကို ပညာရေးနယ်ပယ်မှ ကန့်ကွက်နေ
DVB
·
October 7, 2016
ဘွဲ့ရများကို ကန်ထရိုက်စနစ်ဖြင့် ဆရာအဖြစ်ခန့်ထားမည်ကို ပညာရေးနယ်ပယ်မှ ကန့်ကွက်နေ
Donate to DVB

ဘွဲ့ရတွေကို အထက်တန်းပြဆရာတွေအဖြစ် ကန်ထရိုက်စနစ်နဲ့ ခန့်ထားမယ်ဆိုတဲ့ အပေါ် ကန့်ကွက်တဲ့ အစိမ်းရောင်ဖဲကြိုးလှုပ်ရှားမှုကို  ပညာရေးလောကမှာ ပြုလုပ်နေပါတယ်။

အထက်တန်းကကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးခဲတဲ့ ကျောင်းတွေရဲ့ ဆရာလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဘွဲ့ရတွေကို ကန်ထရိုက်စနစ်နဲ့ ခန့်ထားမယ်လို့ လွှတ်တော်မှာ ပညာရေးဝန်ကြီးက ပြောကြားခဲ့တာကြောင့် ပညာရေးတက္ကသိုလ်က ကျောင်းသားတွေ ဦးဆောင်ပြီး ကန့်ကွက်နေကြတာပါ။

“ပထမအဆင့်ကတော့ ဖေ့စ်ဘွတ်ခ် ပရိုဖိုင်းတွေ ချိန်းတယ်။ ပြီးတော့ ဘလူးမတ်ခ် ရထားတဲ့ အကောင့်တွေ အောက်မှာ ကန်ထရိုက်ဆရာစနစ် မလိုကြောင်း ကွန်မန့်တွေရေးတယ်။ နောက်ဆုံး နိုင်ငံတော်သမ္မတ ဝက်ဘ်ဆိုဒ်ရဲ့ ပေးစာကဏ္ဍမှာ ဒီစနစ်ကို မလိုချင်ကြောင်း ကန့်ကွက်စာ ပို့ထားပါတယ်” လို့ ရန်ကုန်ပညာရေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ခွန်ထူးလွင်ကိုက ပြောပါတယ်။

ဒီလှုပ်ရှားမှုကို ရန်ကုန်နဲ့ စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာဆရာမတွေနဲ့ လက်ရှိ လုပ်ငန်းခွင်ဝင်နေကြတဲ့ ဆရာ ဆရာမတချို့ ပါဝင်နေကြပြီ ဖြစ်ပါတယ်။

အခြေခံပညာဆရာ ဆရာမတွေခန့်ထားရေး မူဘောင် ရှိမရှိနဲ့ ရှိခဲ့ရင် အများသိအောင် ချပြဖို့ကိုလည်း သူတို့က တောင်းဆိုပါတယ်။

ဘာသာရပ်တွေမှာ ကျွမ်းကျင်နိုင်ပေမယ့် သင်ကြားရေးမှာ တတ်ကျွမ်းဖို့လိုတယ်လို့ လက်ရှိ သင်ကြားနေတဲ့ ဆရာတွေက ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက “ သက်ဆိုင်ရာ မေဂျာမှာ ကျွမ်းကျင်လို့ ခန့်ထားတယ် ဆိုတဲ့အစား ကလေးတွေရဲ့ သဘော သဘာဝကို နားလည်တယ်။  မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကိုနားလည်ပြီး သင်ကြားရေးကို ကျွမ်းကျင်သူတွေ များများ မွေးထုတ်ပေးဖို့လိုတယ်လို့ ကျွန်တော် မြင်ပါတယ်” လို့ ပြောပါတယ်။

ဆရာ/ဆရာမ ဘဝကို ဝါသနာပါသူတွေရဲ့ ပါဝင်ခွင့်ကို ဖြည့်ဆည်းပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။

သင်ကြားရေးမှာ တော်တဲ့ဆရာတွေကို ရာထူးတိုးတဲစနစ်နဲ့ အဆင့်မြှင့်ပေးတာကိုလည်း ပြင်ဆင်သင့်ပြီး ကျွမ်းကျင်ရာမှာပဲ လစာနဲ့အဆင့်မြှင့်တာမျိုး လုပ်ဖို့လိုနေတယ်လို့လည်း ပညာရေးနယ်ပယ်က သုံးသပ်နေ ကြတာလည်း ရှိပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသား ကိုချမ်းငြိမ်းကိုက “ဒီထဲကို ဝင်လာမယ့်သူတွေဟာ တခြားနေရာမှာ Professional ဖြစ်ချင် ဖြစ်မယ်။ ဒီနေရာမှာတော့ Professional လို့ သုံးလို့မရဘူး။ ဒါကြောင့်မို့လို့ Un Professional Jobless တွေကို မလိုချင်ဘူးလို့ သုံးတာပေါ့။ ကောင်းမွန်တဲ့ လေ့ကျင့်ပေးမှု မရှိပဲနဲ့တော့ ကန်ထရိုက်စနစ်ကို အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် ပညာရေးဝန်ကြီးဌာနဟာ အလုပ်လက်မဲ့ နေရာချထားရေး ဝန်ကြီးဌာန ဖြစ်သွားမှာပါပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း ပညာရေးနယ်ပယ်ကို စစ်တပ်က ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး အစိမ်းရောင်ဖဲကြိုးလှုပ်ရှားမှုနဲ့ ကန့်ကွက်ခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013