DVB Logo
Home
မေးမြန်းခန်း
ဥ​ပေဒအတည်ပြုပြီး​ ဒီလိုလုပ်လို့​ ဘယ်ရမလဲ -ဦး​သိန်း​ညွန့်​နှင့်​ ​မေး​မြန်း​ချက်
DVB
·
October 28, 2011
ဥ​ပေဒအတည်ပြုပြီး​ ဒီလိုလုပ်လို့​ ဘယ်ရမလဲ -ဦး​သိန်း​ညွန့်​နှင့်​ ​မေး​မြန်း​ချက်
Donate to DVB

ငြိမ်း​ချမ်း​စွာဆန္ဒထုတ်​ဖော်ခွင့်​နဲ့​ပတ်သက်လို့​ ပြည်သူ့​လွှတ်​တော်က အဆိုပြုထား​တဲ့​ မူကြမ်း​ကို အမျိုး​သား​လွှတ်​တော်က ပြင်ဆင်ချက်​တွေနဲ့​ အတည်ပြုလိုက်ပါတယ်။

[caption id="attachment_17116" align="alignleft" width="310" caption="ဦးသိန်းညွှန့်​"][/caption]

လွှတ်​တော်နှစ်ရပ်က မူကြမ်း​မှာ ကွဲလွဲချက်တချို့​ ရှိ​နေတဲ့​အတွက် လွှတ်​တော်နှစ်ရပ်​ပေါင်း​ဖြစ်တဲ့​ ပြည်​ထောင်စုလွှတ်​တော်ရဲ့​ အဆုံး​အဖြတ်ကို ခံယူရဦး​မယ့်​သ​ဘော ဖြစ်ပါတယ်။

ဒါ​ပေမယ့်​ ဒီမူကြမ်း​ နှစ်ရပ်လုံး​မှာ ခွင့်​ပြုထား​တဲ့​ လူထုရဲ့​ ဆန္ဒထုတ်​ဖော်ခွင့်​မှာ အကန့်​အသတ်​တွေ ရှိ​နေတုန်း​ပါပဲ။ ပြည်သူ့​လွှတ်​တော်မှာ မူကြမ်း​ကို အဆိုပြုခဲ့​တဲ့​ ပြည်သူ့​လွှတ်​တော်အမတ် ဦး​သိန်း​ညွန်ကို့​ ​မေး​မြန်း​ထား​ပါတယ်။

ဦး​သိန်း​ညွန့်​တို့​က ပြည်သူ့​လွှတ်​တော်က​နေတင်တယ်။ အမျိုး​သား​လွှတ်​တော် ကပြင်ဆင်ချက်​တွေနဲ့​ ပြင်ဆင်ပြီး​တော့​မှ ​နောက်ဆုံး​ အတည်ပြု လိုက်တယ်ပဲ ​ပြောမှာ​ပေါ့​။ ဒီအ​ပေါ်မှာ တစုံလုံး​အ​နေနဲ့​ ဦး​သိန်း​ညွန့်​အ​နေနဲ့​ ​ကျေနပ်လက်ခံနိုင်တဲ့​ အ​နေအထား​ ရှိပါသလား​။

“အခုက ကျ​နော်က ​ပြောစရာမလို​တော့​ဘူး​။ သူတို့​ဟာသူတို့​ တင်​ပေမယ့်​ ဒီဟာက သ​ဘောကွဲလွဲချင်း​ဆိုရင် လွှတ်​တော် နှစ်ရပ်မှာ ရှိတဲ့​ ​ပေါင်း​ထား​တဲ့​ ပူး​ပေါင်း​ဥပ​ဒေကြမ်း​ကော်မတီ ရှိတယ်။ အဲဒီ ပူ​ပေါင်း​ဥ​ဒေကြမ်း​ ​ကော်မတီမှာ ပြန်ပြီး​တော့​ ညှိနှိုင်း​ရဦး​မယ်။ အဲဒီ ပူး​ပေါင်း​ဥပ​ဒေကြမ်း​ကော်မတီက ပြန်ညှိနှိုင်း​ပြီး​မှ ပြည်​ထောင်စုလွှတ်​တော်ကို ပြန်တင်လာမယ်။ တင်လာတဲ့​အ​ပေါ်မှာ အဲဒီအချိန်ကျမှပဲ ကျ​နော့်​သ​ဘောထား​ကို ​ပြောရမှာပဲ။”

ဦး​သိန်း​ညွန့်​တို့​ နဂိုမူကြမ်း​နဲ့​ အခု မူကြမ်း​ထဲမှာက ဦး​သိန်း​ညွန့်​ တ​ယောက်တည်း​အ​နေနဲ့​ သ​ဘောမတူနိုင်စရာ အဓိက အချက်​တွေဆိုရင် ဘယ်အချက်​တွေလို့​ ​ပြောမလဲ။

“အနှစ်သာရက ကျ​နော်လိုချင်တာက ငြိမ်း​ချမ်း​စွာစု​ဝေး​ခွင့်​နဲ့​ စီတန်း​လှည့်​လည်ခွင့်​မှာ ​ကြွေးကြော်သံပါရမယ်ဗျာ။ ဒါ နံပါတ်တစ်။ နံပါတ်နှစ်က ​စောတုန်း​က လွယ်လင့်​တကူ​ပေါ့​။ သက်​သေအ​ထောက်အထား​ မရှိဘဲနဲ့​ နှုတ်မိန့်​နဲ့​ ထိန်း​ချုပ်နိုင်ဖို့​၊​ သ​ဘောကဗျာ အာဏာပြတာ​တွေ ထိန်း​ချုပ်နိုင်ဖို့​ပေါ့​။ ကျန်တဲ့​ အချက်​တွေက​တော့​ ထပ်ဖြည့်​တဲ့​ ဟာ​တွေကလည်း​ တည်ဆဲ​ ဥပဒေကို လိုက်နာရမယ်ဆိုတဲ့​ အချက်ထဲမှာ ပါပြီး​သား​တွေပါ။ အဲဒါ​တွေ မ​ပြောရ၊​ ဘာမ​ပြောရ ညာမ​ပြောရဆိုတာ ​တွေ့​တယ်​လေ။ ဒီဥပ​ဒေရဲ့​နောက်မှာ တည်ဆဲဥပ​ဒေကို လိုက်နာရမယ်ဆို​တော့​ အသ​ရေဖျက်တာတို့​၊​ ​ကောလာဟလတို့​ဆိုတာ ​ပြောလို့​ မရဘူး​လေ။ ကျ​နော်တို့​က​တော့​ မလိုဘူး​ထင်တာ​ပေါ့​။ သူတို့​က​တော့​ လိုတယ်ထင်ပြီး​တော့​ ထပ်ဖြည့်​တာ​ပေါ့​ ဒါပါပဲ။ ကျန်တာက​တော့​ သူတို့​ ပိုင်ကွက်နဲ့​ သူတို့​ ပြန်တင်တဲ့​ဟာ ကျ​နော်တို့​ ကြည့်​ရမှာ​ပေါ့​။ အဲဒီ​တော့​ ဒီဟာ​တွေက ပြည်သူ့​လွှတ်​တော်နဲ့​ အမျိုး​သား​လွှတ်​တော် ပူး​ပေါင်း​ကော်မတီမှာ ဥပဒေကြမ်း​ကော်မတီမှာ ညှိနှိုင်း​လို့​ ရလား​ မရလား​ အဲဒါ ကျ​နော်တို့​ ကြည့်​ရဦး​မှာ​ပေါ့​။ သိပြီး​ရင်​တော့​ ပြည်​ထောင်စုလွှတ်​တော်မှာ ကျ​နော်တို့​ ​ပြောသင့်​တဲ့​ဟာ​တွေ ကျ​နော်တို့​ ​ပြောရမှာ​ပေါ့။”

ဆိုလိုတာက ပြည်​ထောင်စုလွှတ်​တော်ကို တဆင့်​ပြန်သွား​ရမယ့်​ သ​ဘော ရှိတာ​ပေါ့​နော်။

“မတူရင် ပြန်သွား​ရမှာ​ပေါ့​။”

နောက်တချက်က ဦး​သိန်း​ညွန့်​တို့​ တင်တဲ့​ဆီမှာက အခုနကလို ကြိုတင်အ​ကြောင်း​ကြား​ရမယ်ဆိုတဲ့​အပိုင်း​ပေါ့​လေ။ ကြိုတင် အ​ကြောင်း​ကြား​ ရမယ်ဆိုရင် အဲဒီဟာကို ခွင့်​မပြုဘူး​ဆိုရင် ဘယ်လို ဆက်လုပ်မလဲ ဆိုတဲ့​ ပြဿာနာ​ပေါ့​။

“ခွင့်​မပြုဘူး​ဆိုရင် သူက အယူခံအဖွဲ့​ ရှိတယ်​လေ။ အဲဒီ အယူခံအဖွဲ့​ကို တင်တဲ့​အခါမှာ ပြည်သူလွှတ်​တော်မှာ ကျ​နော့်​အဆို အ​ရေး​နိမ့်​သွား​တာ ရှိတယ် သူတို့​က ​ထွေအုပ်ကို သူက လုပ်ပိုင်ခွင့်​ပေး​ထား​တာ​ပေါ့​။ တိုင်း​ထွေအုပ်ရဲ့​ အဆုံး​အဖြတ်နဲ့​ အပြီး​သတ်ဖြတ်တာ​ပေါ့​။ ကျ​နော်က​တော့​ မဟုတ်ဘူး​ အဲဒီ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်က ခန့်​အပ်ပြီး​တော့​ သက်ဆိုင်ရာ တိုင်း​ပြည်နယ်လွှတ်​တော်က သ​ဘောတူထား​တဲ့​ လုံခြုံ​ရေး​နဲ့​ နယ်စပ်​ရေး​ရာ ဝန်ကြီး​ကို အယူခံအာဏာအပ်ဖို့​ ကျ​နော် တင်ခဲ့​တာ​ပေါ့​။ ဒါက ပြည်သူ့​လွှတ်​တော်မှာ ကတည်း​က မ​အောင်မြင်ပါဘူး​။”

ဆိုလိုတာက ဒီဥပ​ဒေမှာ အဲဒါမျိုး​ကျ​တော့​ ပြန်ပြီး​ထိန်း​ညှိ​ပေး​မယ့်​ ဟာမျိုး​က လစ်လပ်​နေတဲ့​ သ​ဘောမျိုး​ ဖြစ်​နေတာ​ပေါ့​။

“အဲဒီလို​တော့​ မဟုတ်ဘူး​လေ။ သူက ​ထွေအုပ်ကို သုံး​တာ​ပေါ့​။ သူက​ပေး​ထား​တဲ့​ ​ထွေအုပ်ရဲ့​ အဆုံး​ဖြတ်နဲ့​ ပတ်သက်ပြီး​ရင် ​နောက် ကျ​နော်တို့​ လက်​တွေ့​လုပ်တဲ့​အ​ပေါ်မှာ အ​တွေ့​အကြုံရရင် ရသလို ဥပ​ဒေဆိုတာ တခါပြုထား​တာနဲ့​ ထား​ဝရ မဟုတ်ဘူး​လေ။ ပြင်စရာရှိတာ ပြင်နိုင်တဲ့​အ​ခြေအ​နေ လိုအပ်ရင် ​နောက်ထပ် ကျ​နော်တို့​ ပြင်မှာ​ပေါ့​။”

မ​နေ့​ကလို လယ်သမား​တွေ ဆန္ဒပြတဲ့​ကိစ္စမျိုး​တွေဆိုရင် ရဲက မပြနဲ့​ဆိုတာမျိုး​ ခွဲလိုက်တဲ့​ ကိစ္စမျိုး​ပေါ့​။ ဒါ ဥပ​ဒေအတည်မဖြစ်​သေး​တဲ့​ ကာလမို့​လို့​လား​။

“ဥပ​ဒေ အတည်မဖြစ်​သေး​တဲ့​ ကာလ​ပေါ့​။ အတည်ဖြစ်ပြီး​ရင်​တော့​ လယ်သမား​တွေက သူတို့​ ဘာ​ကြောင့်​ပြမယ်၊​ ဘယ်လိုပြမယ်၊​ ဘယ်လို​ကြွေး​ကြော်မယ်၊​ ဆိုင်း​ဘုတ်ဘယ်လို​ရေး​မယ် သူ့​ ဥပ​ဒေအတိုင်း​ လုပ်လို့​ရှိရင် သူတို့​က လယ်သမား​တွေကို ဒီဥပ​ဒေ အတည်ပြုပြီး​ရင် ဒီလို လုပ်လို့​ ဘယ်ရမလဲ။ မရတဲ့​အပြင် အ​နှောင့်​အယှက် မ​ပေး​နိုင်​အောင်​တောင် သူတို့​က ကူညီရဦး​မယ်။”

ဒါက​တော့​ ဆန္ဒမပြခင်မှာ သူတို့​က​နေပြီး​တော့​မှ အကုန်လုံး​ ဆိုင်း​ဘုတ်​တွေကအစ၊​ ​ကြွေး​ကြော်သံ​တွေ​ရော အကုန်လုံး​ အတည်ပြုပြီး​သား​ ရှိရမယ့်​ သ​ဘော ရှိတာ​ပေါ့​။

“ဟုတ်တယ်။ အမျိုသား​လွှတ်​တော်က တင်လိုက်တဲ့​ဟာက​လေ။ သတ်မှတ်ထား​တဲ့​ဟာ​ပေါ့​။ သို့​သော် ဘာဖြစ်ဖြစ်​ပေါ့​ဗျာ ​ကြွေး​ကြော်သံ​တွေကို ကိုယ်က တင်တဲ့​ဟာ သူတို့​ ပယ်ချတယ်ဆိုရင်လည်း​ အဲဒါ အလုပ်မဖြစ်ဘူး​ ဆိုရင်လည်း​ သက်ဆိုင်ရာ လွှတ်​တော်ကိုယ်စား​လှယ်​တွေ​ပေါ့​ အထူး​သဖြင့်​ပေါ့​ဗျာ။ ကျ​နော်တို့​ကိုလာပြီး​တော့​ အဲဒီလို အ​ခြေအ​နေမျိုး​တွေကို သူတို့​ လာတင်ပြတယ်ဆိုရင် ကျ​နော်တို့​က လွှတ်​တော်မှာ ဒါ​တွေက ပြန်​ပြောရမှာ​ပေါ့​။”

ဆိုလိုတာက ဒါထပ်လုပ်ရမယ့်​ တဆင့်​ပြီး​တဆင့်​တော့​ ပြန်သွား​ကြရဦး​မယ့်​ သ​ဘော​တော့​ ရှိတာ​ပေါ့​။

“အခု ဒီမိုက​ရေစီနိုင်ငံ​တွေမှာလည်း​ ခွင့်​ပြုချက်က ​တောင်း​ရတာပဲ​လေ။ သူတို့​ အကာအကွယ်ယူတာပဲ။ အဲဒီ​တော့​ ဒီမိုက​ရေစီနိုင်ငံရဲ့​ စံနှုန်း​ရောက်လာ​အောင်​တော့​ ကျ​နော်တို့​ ကြိုး​စား​ရမှာ​ပေါ့​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013