DVB Logo
Home
မြန်မာသတင်း
ဧရာဝဏ်နတ်ကွန်းဗုံးကွဲမှုနှင့်ဆက်နွှယ်သူအပါအ၀င် မြန်မာ ၃ ဦးကို မဲဆောက်တွင် ဖမ်းဆီး
DVB
·
October 7, 2016
ဧရာဝဏ်နတ်ကွန်းဗုံးကွဲမှုနှင့်ဆက်နွှယ်သူအပါအ၀င် မြန်မာ ၃ ဦးကို မဲဆောက်တွင် ဖမ်းဆီး
Donate to DVB

ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်းဗုံးပေါက်ကွဲမှုနဲ့ ဆက်နွှယ်သံသယရှိသူတဦး အပါအ၀င် မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အောက်တိုဘာလ ၆ ရက်က ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ တရားမ၀င် ၀င်ရောက်လာသူတွေ အထူးသဖြင့် ရိုဟင်ဂျာနဲ့ တရုတ်ပြည်က ၀ီဂါလူမျိုးတွေကို နိုင်ငံကူးလက်မှတ်အတုလုပ်ပေးပြီး ခိုလှုံခွင့်ရအောင်လုပ်ပေးမှုတွေနဲ့ ပတ်သက်ပြီး မဲဆောက်မြို့တွင်း သံသယရှိ နေရာ ၆ နေရာကို စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။

ဟတ်ခ်ျယတ်ရောင်းဝယ်ရေးကုမ္ပဏီဖွင့်ထားတဲ့ ရာခ်ျကန်လမ်းပေါ်က အိမ်အမှတ် ၁၉/၂ အိမ်ပိုင်ရှင် ရောဘတ်ဆိုသူကို ပစ်မှတ်ထားစစ်ဆေးရာမှာ အိမ်ရှင်ကို မတွေ့ဘဲ မြန်မာနိုင်ငံသား မိသားစုဝင်တချို့မှာ နေထိုင်ခွင့်အထောက်အထားမရှိတဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။

သံသယရှိသူ ရောဘတ်ကတော့ အဆိုပါအိမ်ကို ရောင်းချပြီး ဆမွတ်ပရကန်ခရိုင်ကို ပြောင်းရွှေ့သွားပြီလို့ တာဝန်ရှိ မဲဆောက်ရဲဝန်ထမ်းက နယ်ခံသတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါနေအိမ်မှာ ကျော်သီဟ ခေါ် အာရဘူခန် ရဲ့ဇနီးနဲ့ သမီး၊ တင်ရွှေ (ခေါ်)ဆီဂို တို့နေထိုင်တာဖြစ်ပြီး အမျိုးသမီး ၂ ဦးမှာ တရားဝင်နေထိုင်ခွင့် သက်သေ အထောက် အထားမှ မရှိတဲ့အတွက် ထိုင်းနိုင်ငံထဲ တရားမ၀င်ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

နေထိုင်ခွင့်ပြုတဲ့ ကျော်သီဟနဲ့ တင်ရွှေတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို တာဝန်ရှိသူတွေက သိမ်းဆည်းလိုက်ပါတယ်။ အသက် ၄၃ နှစ်အရွယ် ကျော်သီဟကိုတော့ တရားမ၀င်ရွေ့ပြောင်း ၀င်လာသူတွေကို ပုန်းကွယ်ဝှက်ထားမှုနဲ့ တရားစွဲဆိုထားပါတယ်။

ထိုင်းစစ်တပ်လုံခြုံရေးက ကျော်သီဟကို စစ်ဆေးမေးမြန်းပြီးနောက်မှာတော့ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းဗုံးကွဲမှုမှာ ပါဝင်ပတ်သက်နိုင်တယ်လို့ သံသယရှိနေ ပြီး တချို့ဗုံးခွဲသူတွေ အတွက် နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ အတု စီစဉ်ပေးခဲ့တယ်ဆိုတဲ့ သတင်း အချက်အလက်ရရှိထားတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်ဧရာဝဏ်နတ်ကွန်းဗုံးခွဲမှုမှာ လူ ၂၀ သေဆုံးပြီး ၁၂၅ ဦးဒဏ်ရာရသွားခဲ့တာဖြစ်ပြီး ဗုံးခွဲသံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013