DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမင်းနတ်ရွာစံသက် ၁၃၈ နှစ်မြောက် ဆွမ်းကပ်လှူဒါန်းပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
October 7, 2016
မင်းတုန်းမင်းနတ်ရွာစံသက် ၁၃၈ နှစ်မြောက် ဆွမ်းကပ်လှူဒါန်းပွဲ ကျင်းပ (ဓာတ်ပုံ)
1 / 8
Donate to DVB

မင်းတုန်းမင်းတြားကြီး နတ်ပြည်စံသက် ၁၃၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲနဲ့ ဝါတော်၊ သက်တော်ကြီးတဲ့ ဆွေတော်မျိုးတော်တွေကို ပူဇော်ကန်တော့ပွဲ ဒီကနေ့မနက်က မန္တလေးမှာ ကျင်းပပါတယ်။

မင်းတုန်းမင်း နတ်ရွာစံပြီး နှစ်ပေါင်း ၁၃၀ ကျော် ကြာပြီးနောက်မှာ မန္တလေးမြို့ နန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကြီးမှာ ပြန်လည်ကျင်းပခွင့်ရတာ ဖြစ်ပါတယ်။

ဒီဆွမ်းကပ်ပွဲမှာ ဝါဆိုဆရာတော်ကြီး အပါအဝင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာတွေကို ပင့်ဖိတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာဖြစ်ပြီး ဆွေတော်မျိုးတော်တွေ အပါအ၀င် ၅၀၀ နီးပါးလောက် တက်ရောက်ကြပါတယ်။

မင်းတုန်းမင်းတြားကြီးဟာ ၁၈၅၇ ခုနှစ်မှာ မန္တလေးနေပြည်တော်ကို တည်ခဲ့တာဖြစ်ပြီး ၁၈၇၈ အောက်တိုဘာ ၁ ရက်နေ့ သက်တော် ၇၀ အရွယ်မှာ နတ်ရွာစံခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သီပေါမင်းအပါအ၀င် သားတော်သမီးတော် ၁၀၀ ကျော် လောက် ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013