
၂၀၁၇ ခုနှစ်အတွက် မယ်စကြာဝဠာမြန်မာ နောက်ဆုံးအဆင့်ရွေးချယ်ပွဲကို အောက်တိုဘာ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်ကိုယ်စားပြုအလှမယ် ဇွန်သံစဉ်က ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီပွဲမှာ အလှမယ်စုစုပေါင်း ၂၆ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး 1st Runner Up ဆုကို အလှမယ် ရွှေအိမ်စည်၊ 2nd Runner Up ဆုကို ကချင်အလှမယ် ဂျာဒင်ကိုင်၊ 3rd Runner Up ဆုကို အလှမယ် သွန်းဝတီနဲ့ 4th Runner Up ဆုကို အလှမယ် ခင်လပြည့်ဇော်တို့က အသီးသီး ရရှိခဲ့ကြတာပါ။
အသက် ၂၁ နှစ်အရွယ် အလှမယ် ဇွန်သံစဉ်ဟာ Miss Universe Myanmar 2014 တုန်းကလည်း ပရိသတ်မဲအများဆုံးနဲ့ တစ်ပြေးနေခဲ့သူဖြစ်ပြီး အဲဒီတုန်းက ခါးနံပါတ် ၆ ဇွန်သံစဉ်ဟာ Miss Famous Award ဆုရရှိခဲ့ဖူးပါတယ်။










