DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစွာဆဲဆိုသူ ၂ ဦးကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
DVB
·
October 6, 2016
ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစွာဆဲဆိုသူ ၂ ဦးကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
1 / 2
Donate to DVB

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစွာ ဆဲဆိုခဲ့တဲ့ အမျိုးသား ၂ ဦးကို အကြည်ညိုပျက်စေမှုအပါအ၀င် ပုဒ်မ ၃ ခုနဲ့ ရေဆင်းမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ(တောင်)ရွာနေ ဦးဌေးမြင့်နဲ့ ဦးအောင်မြင့်သန်းတို့ကို အရေးယူပေးဖို့ အန်အယ်ဒီပါတီဝင် ဦးသက်ထွေးက အောက်တိုဘာ ၅ ရက်နေ့က တိုင်ကြားခဲ့တာပါ။

အဆိုပါရွာသား နှစ်ဦးဟာ စက်တင်ဘာ ၂၂ ရက်နေ့ ည ၁၁ နာရီလောက်က လေသာ-ရေဆင်း လမ်းမကြီးပေါ်မှာ ဆဲဆိုခြိမ်းခြောက်ခဲ့တာကြောင့် အခုမှတွေ့ရှိပြီး အမှုဖွင့်နိုင်ခဲ့တာလို့ ဇေယျာသီရိမြို့နယ် အန်အယ်လ်ဒီပါတီဝင် ဦးသက်ထွေးက ပြောပါတယ်။

"အဲဒီနေ့က မှောင်နေတော့ ဘယ်သူဘယ်ဝါဆိုတာမသိဘူး စုံစမ်းပြီးအခုမှသိလို့ အရေးယူပေးဖို့ တိုင်ကြားတာပါ။"

ဆဲဆိုခဲ့သူနှစ်ဦးကို ရေဆင်းမြို့မရဲစခန်းမှာ (ပ) ၁၃၆၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲဆိုမှု)၊ ၅၀၀(အကြည်ညိုပျက်စေမှု)၊ ၅၀၀ (ခ) (အထိတ်တလန့်ဖြစ်စေမှု) တို့နဲ့ အရေးပေးဖို့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013