DVB Logo
Home
မြန်မာသတင်း
အသံချဲ့စက်သံမခံနိုင်သည့် နယ်သာလန်နိုင်ငံသားကို ထောင် ၃ လနှင့် ဒဏ်ငွေ ၁ သိန်းချမှတ်
DVB
·
October 6, 2016
အသံချဲ့စက်သံမခံနိုင်သည့် နယ်သာလန်နိုင်ငံသားကို ထောင် ၃ လနှင့် ဒဏ်ငွေ ၁ သိန်းချမှတ်
Donate to DVB

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းမှာရှိတဲ့ ဓမ္မာရုံတခုအတွင်းက ပဋ္ဌာန်းရွတ်ရာသုံးတဲ့ အသံချဲ့စက်ကြိုးအားဆွဲဖြုတ်ခဲ့တဲ့ နယ်သာလန်နိုင်ငံသားကို ဒီကနေ့ ညနေပိုင်းမှာ တရားရုံးက ထောင်ဒဏ် ၃ လ နဲ့ ဒဏ်ငွေ ၁ သိန်း ချမှတ်လိုက်ပါတယ်။

နယ်သာလန်နိုင်ငံသား Mr.Klaas Haijtema ကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ လူဝင်မှုကြီးကြပ် ရေးဥပဒေ ပုဒ်မ ၁၃ (၁) တို့နဲ့ အောက်တိုဘာ ၄ ရက်နေ့က မဟာအောင်မြေမြို့ နယ်တရားရုံးက တရားစွဲတင်ခဲ့ပါတယ်။

ဒီကနေ့ အမိန့်ချမှတ်ရာမှာတော့ ပုဒ်မ ၂၉၅ အစား ပုဒ်မ ၂၉၆ ပြောင်းပြီး ထောင်ဒဏ် ၃ လချမှတ်လိုက်သလို လူဝင်မှုကြီးကြပ် ရေးဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ ဒဏ်ငွေ ၁ သိန်း ပေးဆောင်ဖို့ သို့မဟုတ် ထောင်ဒဏ် ၆ လချခံဖို့ အမိန့်ချလိုက်တာပါ။

ပုဒ်မ ၂၉၅ ကနေ ၂၉၆ ပြောင်းရတာနဲ့ပတ်သက်လို့ တရားလွှတ်တော်ချုပ်ရှေ့နေ ဦးလှကိုက “ပုဒ်မ ၂၉၆ က ဘာသာသာသနာကို နှောင့်ယှက်တာပေါ့။ စောစောက ၂၉၅ ကျတော့ ပစ္စည်းကို ဖျက်ဆီးတယ်ပေါ့။ အဲဒါကနေ့ လွှတ်လိုက်တယ်။ အပြစ်မပေးဘူးပေါ့။”

ဒီအမိန့်နဲ့ပတ်သက်ပြီး အယူခံဝင်လို့ရသလို သံရုံးအချင်းချင်း မေတ္တာရပ်ခံပြီး ပြည်ထဲရေးဌာနကို တင်ပြတောင်းဆိုလို့ ရတယ်လို့လည်း ဦးလှကိုက ပြောပါတယ်။

မန္တလေးဒေသခံတဦးဖြစ်တဲ့ ဦးအေးလွင်ကတော့ ပုဒ်မ ၂၉၅ နဲ့ အပြစ်မရှိကြောင်း ချမှတ်ရင် လွှတ်ပေးသင့်ကြောင်း ပြောပါတယ်။

“၂၉၅ နဲ့ မငြိစွန်းတဲ့အတွက် ၂၉၆ နဲ့ ၃ လချတာပေါ့နော်။ ကျနော်ထင်တာကတော့ ၂၉၅ နဲ့စွဲထားတဲ့အမှုမှာ ၂၉၅ နဲ့ အမှုမမြောက်ရင် ဒီအမှုက လွှတ်ပေးရမှာပေါ့နော်။ ဒါကိုပုဒ်မ ပြောင်းပြီးတော့မှ  ချတဲ့အတွက် စိတ်မကောင်းဖြစ်ရတာပေါ့နော်။  ”

မြန်မာနိုင်ငံကို အလည်အပတ်ခရီးရောက်ရှိလာတဲ့ နယ်သားလန်နိုင်ငံသား Mr.Klaas Haijtema ဟာ စက်တင်ဘာ ၂၃ ရက်နေ့ည ၁၀ နာရီကျော်က မဟာအောင်မြို့နယ်အတွင်းက ဓမ္မာရုံက ဖွင့်ထားတဲ့ အသံချဲစက်နဲ့ ပဋ္ဌာန်းရွတ်နေတာကို ဆူညံလို့ဆိုပြီး ဓမ္မာရုံအတွင်းဝင်ရောက်က အသံချဲ့စက်ကြိုးကို ဆွဲဖြုတ်ခဲ့တာပါ။

Mr.Klaas Haijtema ကို ဓမ္မာရုံတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးကျော်ဆန်းက တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013