ရန်ကုန် ဆင်ခြေဖုံးမြို့သစ်များတွင် ဆိုင်ကယ်စီးခွင့် ပြန်ပေးမည်

ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံတောင် မြောက် စတဲ့ ဆင်ခြေဖုံးမြို့သစ်များ မှာ ဆိုင်ကယ်စီးခွင့် ပြန်ပေးမယ်လို့ တိုင်းလမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။
ဒီနေ့ ကျင်းပပြုလုပ်တဲ့ တိုင်းလွှတ်တော်စည်းဝေးပွဲအတွင်း ရွှေပြည်သာ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မင်းရဲ့ မေးခွန်းကို ဖြေကြားရင်း တိုင်းဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။
မေးခွန်းမေးတဲ့ ဦးရန်အောင်မင်းက “ကျနော်က မြို့သစ်ဆင်ခြေဖုန်းတွေမှာ ဆိုင်ကယ်စီးခွင့်ပေးဖို့ စီးခွင့်မပေးလည်း စီးနေကြတာပဲ။ တရားဝင်စီးခွင့်ပေးလိုက်ဖို့ ပြောတာပါ။ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက သူတို့အစိုးရအဖွဲ့ထဲမှာလည်း အဲ့ဒီကိစ္စ ဆွေးနွေးနေပါတယ်တဲ့။ ပြန် ခွင့်ပြုပေးနိုင်ဖို့အတွက် သူတို့ ဥပဒေတွေ နယ်မြေတွေ စနစ်တကျသတ်မှတ်ဖို့အတွက် စီစဉ်နေပါတယ်တဲ့”
ဘယ်တော့လောက် ပြန်ပြီး စီးနင်းခွင့်ပေးမယ်ဆိုတာကိုတော့ မပြောနိုင်သေးကြောင်း ၀န်ကြီးက ပြောသွားတယ်လို့လည်း ဆိုပါတယ်။
မေးခွန်းမေးတဲ့ ဦးရန်အောင်မင်းက ရန်ကုန်မြို့လယ် ၆ မြို့နယ်မှအပ ဆိုင်ကယ်စီးနင်းခွင့်ပေးဖို့ မေးခွန်းမေးမြန်းရန် ပြင်ဆင်ခဲ့ပေမယ့် မေးခွင့် မရခဲ့ဘူးလို့လည်း ပြောပါတယ်။
ရန်ကုန်မှာ အရင်က ဆိုင်ကယ်စီးနင်းခွင့်ရှိပေမယ့် နအဖ စစ်အစိုးရလက်ထက်ကစလို့ တိုင်းအတွင်း ဆိုင်ကယ်စီးခွင့် ပိတ်ပင်ထားခဲ့ပါတယ်။











