DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး ကျပ် ၃ သောင်းဝန်းကျင် ပြန်လည်ကျဆင်း
DVB
·
October 6, 2016
ပြည်တွင်းရွှေဈေး ကျပ် ၃ သောင်းဝန်းကျင် ပြန်လည်ကျဆင်း
Donate to DVB

ကမ္ဘာ့ရွှေဈေးက တအောင်စကို ဒေါ်လာ ၄၀ လောက် ကျဆင်းသွားလို့ ပြည်တွင်းရွှေဈေးလည်း ငွေကျပ် ၃ သောင်းဝန်းကျင် ပြန်လည်ကျဆင်းသွားပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာ ငွေကျပ် ၉ သိန်းဝန်းကျင်ထိ ပေါက်ဈေးရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးက အောက်တိုဘာ ၅ ရက်နေ့မှာတော့ ငွေကျပ် ၃ သောင်းဝန်းကျင်ခန့် ပြန်လည်ကျဆင်းခဲ့ပါတယ်။

ဒီလို ပြည်တွင်းမှာ ရွှေဈေး ပြန်လည်ကျဆင်းခဲ့တာဟာ ပြည်တွင်းဒေါ်လာပေါက်ဈေး ကျဆင်းခဲ့တာကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရွှေဈေး ၁ အောင်စကို ဒေါ်လာ ၄၀ လောက် ကျဆင်းသွားလို့ ဖြစ်ပါတယ်။

ရွှေဆိုင်ပိုင်ရှင်တဦးဖြစ်သူ ဦးဇော်အောင်က “ဒီနေ့ ကျသွားတာက ဘယ်သူမှ မမျှော်လင့်ဘဲ ကျသွားတာပေါ့နော်။ ဘယ်သူမှ မထင်ထားဘူး။ မထင်ထားဘဲနဲ့ မနေ့တုန်းကဆိုရင် ရှစ်သိန်းကိုးသောင်းကျော်နဲ့၊ အခုလောလောဆယ် ရှစ်သိန်းခုနစ်သောင်း။ နှစ်သောင်းလောက်ကို ကျသွားတယ်။ နည်းနည်း အစ်ကိုတောင် အံ့သြသွားတယ်ပေါ့နော်။ ကမ္ဘာ့ရွှေဈေး ရုတ်တရက် ကျသွားလို့ပဲ ဒီနေ့ကျသွားတာတော့။ ပြည်တွင်းဒေါ်လာဈေးကတော့ မကျဘူး။ ဒီအတိုင်းပဲ ၁၂၈၀ ကျော်ကျော်မှာပဲ ရှိတယ်။ ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို ၁၃၀၀ ကျော်ကနေ ၁၂၇၀၊ ၁ အောင်စကို ဒေါ်လာ ၄၀ လောက် ကျသွားတယ်” လို့ ပြောပါတယ်။

ဒီလို ရွှေဈေးတွေ တရက်တည်းနဲ့ ငွေကျပ် ၃ သောင်းလောက် ကျဆင်းသွားတာဟာ ပြည်တွင်းရွှေဈေးကွက်ထဲမှာ ရွှေရောင်းတဲ့သူတွေ များပြီး ရွှေအ၀င်များနေတာကြောင့် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “ကျနော်တို့ ရွှေဝယ်ယူစုဆောင်းတဲ့သူတွေက အမြတ်အစွန်း အကွာအဝေးတခုရတဲ့အတွက် ပြန်ရောင်းချကြတဲ့အတွက် ရွှေဈေးကွက်မှာ ရွှေလှိုင်လှိုင်ဝင်လာတဲ့အတွက် Supply နဲ့ Demand၊ Supply ကများပြီး Demand က နည်းတဲ့အတွက် ရွှေဈေးက အခုလို ကျဆင်းသွားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီလို ပြည်တွင်းရွှေဈေး အပြောင်းအလဲ မြန်ဆန်ခဲ့လို့ ရွှေအရောင်းအ၀ယ်လုပ်တဲ့သူတွေ ပမာဏအများကြီး ရှုံးသွားတာတွေလည်း ရှိနေပါတယ်။

“အရှုံးအမြတ်တွေ များကုန်ကြတာပေါ့နော်။ ရှုံးတဲ့သူလည်း တော်တော်ရှုံးသွားကြတယ်။ မနေ့တုန်းက ၀ယ်ထားမိတဲ့သူတွေ ဒီနေ့ကျတော့ ရှုံးသွားကြတာပေါ့” လို့ ဦးဇော်အောင်က ပြောပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မှာတော့ အခေါက်ရွှေ ၁ ကျပ်သားကို ငွေကျပ် ရှစ်သိန်းခုနစ်သောင်းနှစ်ထောင် ပေါက်ဈေးရှိနေပြီး နောက်ရက်တွေမှာလည်း ရွှေဈေးက ဆက်လက်ကျဆင်းဖွယ် ရှိနေပါတယ်။

သတင်း - ကျော်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013