DVB Logo
Home
Lead Story
အမျိုးသားပို့ကုန်မဟာဗျူဟာကို အကောင်အထည် ဖော်နေပါတယ် - ဦးသိန်းမြင့်ဝေ
DVB
·
October 6, 2016
အမျိုးသားပို့ကုန်မဟာဗျူဟာကို အကောင်အထည် ဖော်နေပါတယ် - ဦးသိန်းမြင့်ဝေ
Donate to DVB

အမေရိကန်အစိုးရကနေပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ဆယ်စုနှစ်တခုကျော် ထားရှိခဲ့တဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးဆိုတဲ့နေရာမှာ အထူးအခွန်သက်သာခွင့်ပေးတဲ့ GSP ကို နိုဝင်ဘာဆိုရင် စရတော့မှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအခွင့်အရေးကို ကျနော်တို့ဘက်က ဘယ်လောက်အထိ အမိအရ ဆုပ်ကိုင်နိုင်မယ့် အနေအထားမျိုးမှာရှိမလဲ ဆိုတာနဲ့ ပတ်သက်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - အမေရိကန်အစိုးရကနေပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးဖြစ်တဲ့ အခွန်သက်သာခွင့်ဆိုတဲ့ GSP ကို ပိတ်ခဲ့တာဆိုရင် ဆယ်စုနှစ်တခုကျော်ကျော်လောက် ကြာခဲ့ပါတယ်ခင်ဗျ။ အဲဒီတော့ ဒီလိုမျိုးပိတ်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော် ကြာခဲ့တဲ့အပေါ် မြန်မာနိုင်ငံရဲ့ ပို့ကုန်အခြေအနေ ဈေးကွက်က ဘယ်လိုတွေ Impact ပေါ့နော်၊ ဘာတွေ ထိခိုက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အခြေအနေလေး ပထမဆုံး ပြောပြပေးပါဦးခင်ဗျ။

ဖြေ - အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုပေါ့လေ။ စီးပွားရေးပိတ်ဆို့မှုနဲ့ GSP ပြန်ရုပ်သွားတဲ့ အခြေအနေပေါ့။ ဒီလိုအခြေအနေမှာဆိုရင် ကျနော်တို့ရဲ့ ပို့ကုန်တွေက သိသိသာသာ ကျသွားတာပေါ့။ ဘယ်ဘက်ကို ကျသွားလဲဆိုရင် ကျနော်တို့ အနောက်နိုင်ငံများပေါ့လေ။ အနောက်နိုင်ငံနဲ့ အီးယူပေါ့။ ကျနော်တို့ ကျသွားတယ်။ ကျတာမှ ကျနော်တို့ သိသိသာသာ ကျသွားတာပေါ့။ အရင်ပို့နေတဲ့ ပို့ကုန်တွေက ဇီးရိုး ရောက်သွားတာပေါ့လေ။ ဆန်ရှင်ဆိုတော့ ပို့ခွင့်မရှိတော့ဘူးပေါ့နော်။ ပို့ကုန်က သုညကို ကျသွားတယ်ပေါ့။ သူကျတာနဲ့အမျှပဲ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးကလည်း ကျလာတယ်လို့ ပြောလို့ရပါတယ်။ ဒီတခုတည်းရယ်ကြောင့်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့်လို့ အများကြီး သက်ဆိုင်နေတယ်ဆိုပြီးတော့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ အများကြီးသက်ဆိုင်တယ်။ ဥပမာအားဖြင့်ဆိုရင် ကျနော်တို့ အထည်ချုပ်ဈေးကွက် အနေအထားလေး ဆွေးနွေးရမယ်ဆိုရင် အရင် ၂၀၀၁၊ ၂၀၀၂ ကာလတွေ၊ ဆန်ရှင်မတိုင်ခင် ကာလတွေ၊ GSP ပေးနေတဲ့ ကာလတွေဆိုရင် ကျနော်တို့ Garment Export က အမေရိကန်ဈေးကွက်နဲ့ အီးယူဈေးကွက်ကို အမေရိကန်ဒေါ်လာ သန်း လေးငါးရာဖိုးလောက် ကျနော်တို့ နှစ်စဉ်သွားခဲ့တာပေါ့။ ဒီလိုသွားခဲ့တဲ့ အနေအထားက တော်တော်အားထားရတာပေါ့။ နိုင်ငံအတွက်၊ အလုပ်အကိုင်ရရှိမှုအတွက်၊ ၀င်ငွေရရှိမှုအတွက်၊ ကျနော်တို့ ပို့ကုန်တိုးမြှင့်ရေးအတွက် အလွန်အားထားရတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီဈေးကွက်က ကျနော်တို့ ကွယ်ပျောက်သွားခဲ့တယ်ပေါ့လေ။ ဈေးကွက် ဆုံးရှုံးခဲ့ရတယ်ပေါ့။ အဲဒီအတွက် ကျနော်တို့ ဘာပဲပြောပြော အလုပ်အကိုင်ရှုထောင့်ကပဲဖြစ်ဖြစ်၊ ၀င်ငွေရှုထောင့်ကပဲဖြစ်ဖြစ်၊ ကျနော်တို့ နစ်နာရတယ်၊ ထိခိုက်တယ်ပေါ့နော်။ Big Impact ပေါ့၊ Myanmar Economy ပေါ့။ ဒါလေးကို တွေ့ရပါတယ်။

မေး -    ဟုတ်ကဲ့ခင်ဗျာ။ နောက်တချက်ပေါ့နော် အခုဆိုရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ထားရှိခဲ့တဲ့ GSP ကို လာမယ့်နိုဝင်ဘာ ၂၃ ကျရင် ပြန်ပေးမယ်လို့ သိရပါတယ်။ အဲဒီလိုမျိုး ပြန်ပေးတဲ့အခါမှာ တခုကြားသိရတာ ကျနော်တို့ဆီက ပို့ကုန်အမယ်ပေါင်း ၅၀၀၀ ကျော်လောက် အခွန်သက်သာခွင့်ရမယ်လို့ ကြားသိရပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ဒီလောက် ပို့ကုန်အမယ်တွေရမယ်။ ဒီကြားထဲမှာ အဓိကပေါ့နော်။ ကျနော်တို့ အဓိကပို့ကုန် Items တွေကပေါ့နော် အမေရိကဈေးကွက်ကို သွားမယ်ဆိုရင် ဘယ် Items တွေက အဓိကသွားမလဲ။ သွားဖို့အတွက်ရော ကျနော်တို့ဆီက ပို့ကုန်ကဏ္ဍတွေ အနေအထားကရော ပြီးခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကျနော်တို့ အများကြီး ဒုက္ခတွေ ခံစားခဲ့ရတာဆိုတော့ လက်ရှိ ပွင့်လာတဲ့ ဈေးကွက်အပေါ်မှာရော အမိအရရော ဖြစ်လာနိုင်မလားပေါ့နော်။ ဒီနှစ်ချက်အပေါ်မှာ နည်းနည်းလောက် ဆွေးနွေးပေးပါဦးခင်ဗျ။

ဖြေ - ပထမဆုံး ဆွေးနွေးချင်တာက လူကြီးမင်းတို့လည်း သိပြီးသားနေမှာပါ။ ကျနော်တို့က ဈေးကွက်တော့ ပွင့်သွားပြီ။ ဈေးကွက်ရဖို့တော့ လိုတယ်ပေါ့။ Market က Open ဖြစ်သွားတယ်။ ဒါပေမယ့် Market Access ဖြစ်ဖို့ လိုတယ်ဆိုတဲ့ အချက်ပေါ့။ ဒါလေးကို ဆွေးနွေးချင်ဟန် တူပါတယ်။ ဒါက အရေးကြီးပါတယ်။ ကျနော်တို့ ခုလို GSP ပြန်ရတယ်။ ဆန်ရှင်ရုပ်တယ်၊ GSP ရတယ်ဆိုတာ ကျနော်တို့နိုင်ငံအတွက် တကယ့်ကို မင်္ဂလာသတင်းပါပဲ။ ကျနော်တို့နိုင်ငံ စီးပွားရေးအတွက်လေ။ အလားအလာကတော့ အရမ်းကောင်းတယ်ပေါ့။ အားရတယ်၊ ကျေနပ်တယ်ပေါ့လေ။ အဲလိုမျိုး GSP ပြန်ပေးတယ်။ စီးပွားရေး ပြန်ပွင့်လာတယ်ဆိုတဲ့ အနေအထားအရ ကျနော်တို့ Market Access ဖြစ်ဖို့ ဒါကတော့ ကြိုးစားရဦးမှာပေါ့လေ။ ဒီလို ကြိုးစားတဲ့နေရာမှာပေါ့ ကျနော်တို့ အများစု ဘယ်ကုန်စည်တွေ အရင်သွားမလဲဆိုတဲ့ဟာပေါ့။ အမေရိကန်ကို ဘာရောင်းရမလဲဆိုတဲ့ အနေအထားလေးပေါ့လေ။ ဒီမှာဆိုရင်တော့ ကျနော်တို့နိုင်ငံက Agricultural Based ပေါ့။ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံ ဖြစ်တဲ့အတွက် စိုက်ပျိုးရေးကုန်စည်တွေကတော့ သွားမှာပဲပေါ့။ ဆန်တို့၊ ပဲတို့ ဒါတွေ သွားမယ်ပေါ့လေ။ ဒါ့အပြင် ကျနော်တို့အမြင်ကတော့ အရင်တုန်းကလည်း ဘွန်းဖြစ်ခဲ့တဲ့ ဈေးကွက်ပေါ့။ ခုနက ကျနော် ဆွေးနွေးခဲ့သလိုပဲ အမေရိကန်ဒေါ်လာ နှစ်စဉ် သန်း လေးငါးရာဖိုးလောက် ရခဲ့တဲ့ အထည်ချုပ်ဈေးကွက်ကတော့ အရင်သွားလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုရင် ဒီဈေးကွက်ကတော့ စံချိန်စံညွှန်းအားဖြင့် ပြောကြစတမ်းဆိုရင်လည်း ကျနော်တို့က သိပ်ခက်ခက်ခဲခဲ မရှိဘူးလို့ မြင်တယ်ပေါ့။ ကျနော့်အမြင်ပေါ့။ လုပ်ငန်းရှင် တကယ်လုပ်နေရတဲ့သူတွေတော့ ခက်ကောင်းခက်မယ်လေ။ ကျနော်တို့ အမြင်ပြောရရင်ပေါ့။ ဘာကြောင့်တုန်းဆိုရင် Garment ရဲ့သဘောက CMP ပေါ့။ Cutting, Making and Packaging  ဆိုတဲ့ ကျနော်တို့က အမေရိကန်နိုင်ငံကနေ ပိတ်စတွေ သွင်းလာမယ်။ သွင်းလာပြီးတော့ ဒီမှာ ကျနော်တို့ ဖြတ်ညှပ်ကပ် ချုပ်မယ်။ Processing လုပ်မယ်။ ပြီးတဲ့အခါကျတော့ Packaging လုပ်မယ်။ ပြီးတော့ ပြန်ပို့မယ်ဆိုတဲ့ ဖြစ်စဉ်ပေါ့။ ဒီဖြစ်စဉ်မှာဆိုရင် ကျနော်တို့ တကယ်ရိုးရှင်းတဲ့၊ လွယ်ကူတဲ့ အနေအထားလေး တွေ့ရတယ်။ ဒါကြောင့်မို့လို့ ဒီကဏ္ဍကို ကျနော်တို့ အရင်ဦးစားပေးအနေနဲ့ မြှုပ်နှံကြမယ်။ လုပ်ကိုင်ကြမယ် ဆိုရင်တော့ မြန်မယ်ပေါ့။ ဒါလေး တွေ့ရတယ်။ ဥပမာ နည်းပညာပိုင်းအားဖြင့်ဆိုရင် ကျနော်တို့က သိပ်အဆင့်မြင့်ဖို့ မလိုဘူးပေါ့။ ဒါပေမယ့် တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ ကျနော်တို့နိုင်ငံ Garment ကတော့ နည်းသေးတာပေါ့။ ကျန်တဲ့ ဗီယက်နမ်တို့ ဘာတို့ဆိုရင်လည်း Garment ရဲ့ Processing မှာဆိုရင် Advance Technology တွေ သုံးနေတာဆိုတော့ သူတို့က များများ မြန်မြန် ထုတ်လုပ်နိုင်တာလေး တွေ့ရတယ်ပေါ့။ ကျနော်တို့ဆီမှာတော့ အဲလောက်တော့ မလိုသေးဘူး။ ဒါပေမယ့်လို့ အဲလို နည်းပညာ များများကြီးနဲ့ မြန်မြန်ကြီး သုံးစရာမလိုသေးတဲ့ ဒီအထည်ချုပ်လုပ်ငန်းကို အရင်ဆုံး သွားလိမ့်မယ်လို့ ထင်တယ်လေ၊ ကျနော့်အမြင် ပြောရရင်။ နောက်တခုက ဘာဆွေးနွေးချင်လဲ ပြောရရင် ရေထွက်တို့ ဘာတို့ဆိုရင်လည်း ကျနော်တို့ အားထားရတဲ့ဈေးကွက် ဖြစ်ပါတယ်။ ရေထွက်ကုန်စည်တွေအတွက် ဆိုရင်လည်း GSP က တကယ်ကောင်းပါတယ်။ ဥပမာအားဖြင့် အီးယူဈေးကွက်ဆိုရင်လည်း ကျနော်တို့ ရေထွက်ပစ္စည်းတွေ သွားတယ်ပေါ့။ သွားတဲ့နေရာမှာ ကျနော်တို့ စံချိန်စံညွှန်းနဲ့ပတ်သက်တဲ့ အခက်အခဲတွေ ဖြစ်တယ်။ ကျနော်တို့ရဲ့ အားနည်းချက်သည် ဘာလဲဆိုရင် နည်းပညာ အားနည်းတယ်။ အရင်းအနှီး အားနည်းတယ်။ နည်းပညာ အားနည်းတယ်၊ အရင်းအနှီး အားနည်းတဲ့အပိုင်းမှာ အခုကတော့ သူတို့ဘက်ကနေ အရင်းအနှီးတွေ စီးဝင်လာမယ့် လက္ခဏာတွေ တွေ့ရတယ်။ ဒါဆိုရင် ကျနော်တို့က နည်းပညာပိုင်းမှာ တည်ဆောက်ဖို့ လိုတယ်ပေါ့။ အဲဒီတော့ ရေထွက်တို့ ဘာတို့ဆိုရင် ကျနော်တို့ နည်းပညာပိုင်းအရ အအေးခန်းတို့၊ ကျန်တဲ့ Facility ပိုင်းပေါ့။ Logistics ပိုင်း၊ ဒါတွေမှာ ကျနော်တို့ အားနည်းတယ်။ အားနည်းတဲ့အခါကျတော့ ဈေးကွက်ကို ရောင်းတဲ့အခါ ထင်သလောက် မရောင်းရဘူးဆိုတဲ့ လက္ခဏာလေးတွေလည်း တွေ့ရတာပေါ့နော်။ သူကတော့ နည်းနည်း အချိန်ပေးပြီး တည်ဆောက်ရမယ့် အနေအထားလေးတွေ ရှိတယ်။ ခုနက Garment ဆိုရင် များများနဲ့ မြန်မြန် ခပ်သွက်သွက်ကလေး သွားလို့ရနိုင်တယ်လို့ မြင်ပါတယ်။

မေး - ဟုတ်ကဲ့ခင်ဗျာ။ အဲဒီမှာတော့ တချက်ပေါ့နော်။ ကျနော်တို့ Garment ကို ပြန်ကြည့်တဲ့အခါမှာ ခုနက ဆွေးနွေးခဲ့သလို CMP ပေါ့။ CMP ဆို ကျနော်တို့ ဒါ လက်ခစားစနစ်ပဲ ရနေတာဆိုတော့လေ ကျနော်တို့ဆီမှာ တကယ်လို့ ပိတ်စကို ကျနော်တို့ဘာသာ ကျနော်တို့ အကုန်လုံး ထုတ်လုပ်ပြီးတော့ အစအဆုံး လုပ်နိုင်တယ်ဆိုရင် ကျနော်တို့အတွက် Earning များများရမယ်။ ဒါပေမယ့် တကယ့်တကယ် လက်တွေ့မှာကျတော့ ကျနော်တို့က Amount သာ များနေတယ်။ တကယ်ရတဲ့အခါကျတော့ ဒီလောက်မရဘူး ဆိုတာမျိုးလည်း ကျနော်တို့ ကြားနေရတယ်ဆိုတော့လေ။ ဆိုလိုတာပေါ့နော်။ လက်ရှိ ကျနော်တို့ အထည်အချုပ်လုပ်ငန်းက ဘာပဲပြောပြော GSP ကြောင့် ပြန်တော့နိုးထလာမယ် ဆိုပေမယ့် ဒီထက်ပိုပြီးတော့ ကျနော်တို့ ဘွန်းလုပ်နိုင်မယ့် အနေအထားမျိုးလေးတွေရော ရှိလာနိုင်မလားပေါ့။

ဖြေ - အဲလိုတော့ နောက်ပိုင်းတော့ တဖြည်းဖြည်း ဖြစ်လာမယ်လို့တော့ ကျနော် မြင်တယ်လေ။ အခုလောလောဆယ်ကတော့ ကျနော်တို့လည်း ပညာရှင်တွေနဲ့ ဆွေးနွေးတယ်ပေါ့လေ။ လုပ်ငန်းရှင်တွေပိုင်းကလည်း ပြောကြတာ၊ အကြံပြုကြတာတွေ စသဖြင့် မီဒီယာတွေက ထောက်ပြဝေဖန်တာတွေလည်း ရှိတယ်။ ကျနော်တို့ဘက်ကလည်း တက်လှမ်းဖို့ ကြိုးစားနေတယ်။ အဲဒါ ဘာလဲဆိုရင် အခု CMP စနစ်ကနေပြီးတော့ FOB စနစ်ကို သွားချင်တာ။ FOB စနစ် သွားတယ်ဆိုရင် ဒါ ကျနော်တို့ရဲ့ Export စနစ်စစ်စစ် ဖြစ်သွားပြီ။ Export စစ်စစ် ဖြစ်သွားတဲ့အတွက် ကျနော်တို့က အခုန လူကြီးမင်း ဆွေးနွေးသလိုပေါ့လေ ကျနော်တို့ Earning တွေလည်း ရနိုင်တယ်ပေါ့လေ။ ဒါကတော့ တကယ့်ကောင်းတာပေါ့။ Export ကို သိသိသာသာ အထောက်အကူပြုတာပေါ့။ ဒါပေမယ့် အဲလိုမျိုး သွားဖို့ဆိုတာကတော့ လတ်တလောကတော့ မဖြစ်နိုင်သေးဘူးလို့ မြင်တယ်။ နောက်ပိုင်းကတော့ ဖြစ်လာမှာပဲ။ လောလောဆယ်ကတော့ မဖြစ်နိုင်သေးဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ခုနက ကျနော်တို့ ဆွေးနွေးခဲ့သလိုပဲ။ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ကလေးတွေ ရှိတယ်။ တချို့အပိုင်းတွေမှာ အားနည်းချက်ကလေးတွေ ရှိနေသေးတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ လောလောဆယ်ကတော့ CMP စနစ်နဲ့ သွားတာလေးက အဆင်ပြေနိုင်တယ်ပေါ့။ ဒီမှာ CMP ကလည်း ခုနပြောသလို ကျနော်တို့က လက်ခစားစနစ်ပဲ။ ဖြတ်တယ်၊ ချုပ်တယ်၊ ပြန်ပို့တယ် ဆိုတဲ့ဟာလေးပေါ့လေ ဒီဖြစ်စဉ်လေးပဲ။ လက်ခစားပင် ဖြစ်သော်ငြားလည်း ကျနော်တို့ အလုပ်အကိုင်ရှုထောင့်က ကြည့်မယ်။ ကျန်တဲ့ Manufacturing ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ မဆိုးဘူးလို့ ပြောလို့ရတာပေါ့လေ။ ဒါလေးပေါ့။ ကျနော်တို့နိုင်ငံမှာ ကျနော်တို့အနေနဲ့က အားနည်းချက်က ဘာလဲဆိုတော့ Manufacturing Product ကို ကျနော်တို့ မပို့နိုင်ဘူး။ ဒီ Garment ကိုပဲ Manufacturing သဘောမျိုးထားပြီး ကျနော်တို့ တင်ပို့နေရတဲ့ အနေအထားရှိပါတယ်။ တကယ်တမ်းပြောရရင် CMP ဆိုတဲ့ Garment က Manufacturing စစ်စစ်တော့ မဟုတ်ဘူး။ ခုနက Manufacturing စစ်စစ် ဖြစ်လာဖို့ဆိုတာ ကျနော်တို့က FOB ဖြစ်မှ Manufacturing လို့ သတ်မှတ်လို့ရတာ။ အခုဟာကတော့ ကျနော်တို့က Semi-Manufacturing ပုံစံမျိုး သွားနေတယ်။ အလားအလာ ကောင်းတယ်။ ရှေ့ကို တက်လှမ်းဖို့ပေါ့။ လောလောဆယ်တော့ အချိန်လေး နည်းနည်းလိုဦးမယ်လို့ ကျနော် မြင်ပါတယ်။

မေး - ဟုတ်ကဲ့ပါဗျာ။ နောက်တချက်ကလည်းပေါ့နော်။ လက်ရှိ အထည်ချုပ်ဈေးကွက်ကို ကျနော်တို့ ပြန်ကြည့်တဲ့အခါ အမေရိကန် ဆန်ရှင်အရ အထည်ချုပ်ဈေးကွက်ကြီးဟာ ထက်ဝက်ကျော်လောက် ကျသွားခဲ့တယ်။ အဲဒီအတွက် ကျနော်တို့က တခြားဈေးကွက်တွေဖြစ်တဲ့ ဂျပန်တို့၊ ကိုရီးယားတို့ သွားနေတယ်ပေါ့။ လက်ရှိလည်း သွားနေတယ်ပေါ့။ အဲဒီတော့ ဘာပဲပြောပြော အမေရိကဈေးကွက်ကလည်း ပြန်ပွင့်လာပြီဆိုတော့ ခုနက ပြောသလိုပေါ့နော်။ ကျနော်တို့ အာရှဈေးကွက်တွေ သွားနေတယ်ဆိုတော့ အထည်ချုပ်လုပ်ငန်းက ဒီနှစ်ထဲမှာ ပိုပြီးတော့ ဘွန်းဖြစ်လာမယ်လို့ ထင်ပါတယ်။ အဲဒီအပေါ်မှာ နည်းနည်းလောက် သုံးသပ်ပေးပါလား။

ဖြေ - ဒီနှစ်ထဲမှာ ဘွန်းဖြစ်လာမယ် ဆိုပေမယ့်လေ ကျနော်တို့က ချက်ချင်းလက်ငင်းကြီးတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ချက်ချင်းလက်ငင်းဆိုတာ အခု GSP ပေးလိုက်တယ်။ အခု ကဏ္ဍတခုခုက ထိုးတက်လာတယ်ဆိုတာမျိုးကတော့ မဖြစ်နိုင်ဘူး ထင်တယ်လေ။ ကျနော်တို့ အစောဆုံး ၂၀၁၇ ပေါ့လေ။ ၂၀၁၇ နှစ်ဦးပိုင်းလောက်ကစပြီးတော့ တက်လာနိုင်တယ်လို့ မြင်တယ်ပေါ့။ ဒါလေးတော့ တွေ့ရတယ်။ နောက်တခုက အမေရိကန်နဲ့ အီးယူဈေးကွက်ကနေပြီးတော့ ကျနော်တို့က ဘယ်ရောက်သွားလဲဆိုရင် ဂျပန်နဲ့ တောင်ကိုရီးယားကို ရောက်သွားတယ်ပေါ့ ဒီဈေးကွက်တွေ။ ဒီလိုရောက်သွားတာက အမေရိကန်တို့က ပြန်ပြီးတော့ GSP ပေးလိုက်တဲ့အတွက် ဟိုဘက်ဈေးကွက်တွေက လျော့သွားမယ်လို့ မဆိုလိုပါဘူး။ အဲဒါကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ လက်ရှိရနေတဲ့ အာရှဈေးကွက်ကလည်း ရမယ်။ နောက် အနောက်နိုင်ငံများ ဈေးကွက်ကလည်း ရမယ်ဆိုရင်တော့ ပိုပြီးတော့ ဘွန်းဖြစ်လာမှာတော့ သေချာတယ်၊ ပိုပြီးတော့ ဘွန်းဖြစ်လာမယ်။ ဒါပေမယ့် ချက်ချင်းလက်ငင်းဆိုတဲ့ ဟာမျိုးကိုတော့ ကျနော်တော့ သိပ်တော့ မမြင်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့က စက်ရုံတွေ၊ အလုပ်ရုံတွေ တည်ဆောက်ရဦးမယ်။ နောက် အလုပ်သမား ခန့်ထားတာတို့ ဘာတို့ဆိုတဲ့ Infrastructure ပိုင်းတွေ လုပ်ရဦးမယ် ဆိုတဲ့ဟာလေးတွေ ရှိပါတယ်။ အဲလိုလေးတွေ ရှိတဲ့အတွက် နည်းနည်းလေးလောက်တော့ အချိန်ယူရဦးမယ် ထင်ပါတယ်။ ဒါပေမယ့် တခြားကဏ္ဍနဲ့စာရင်တော့ သူက မြန်နိုင်ပါတယ်။

မေး - ဟုတ်ကဲ့ခင်ဗျာ၊ နောက်တချက်ကပေါ့။ ဈေးကွက်ပြိုင်ဆိုင်မှုပေါ့။ အမေရိကဈေးကွက်က ခုလို ပွင့်လာတယ်။ လက်ရှိသွားတဲ့ ဈေးကွက်လည်း ရှိနေတယ်ဆိုတော့။ အမေရိကကျတော့ အခွန်သက်သာခွင့်ရတယ်။ ဟိုဘက်မှာကျတော့ အခွန်နဲ့ပတ်သက်လို့ ပြိုင်ဆိုင်မှုတွေ ရှိတယ်။ ဒီလိုဈေးကွက်တွေရဲ့ ပြိုင်ဆိုင်မှုအားတွေကရော ရှိလာမလားပေါ့။

ဖြေ - ဈေးကွက်ယှဉ်ပြိုင်မှုအတွက်ကတော့ ကျနော်တို့က စိုးရိမ်မှုမရှိဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ GSP ပေးလိုက်တယ်။ သူတို့လိုချင်တာက ဒီပုံစံဆိုရင် သူတို့လိုချင်တဲ့ ပုံစံအတိုင်း ချုပ်ပေးရုံပဲ။ Quality ပိုင်းမှာ ကျနော်တို့က အများကြီး သိပ်စကားပြောဖို့ မရှိဘူး။ ဒါကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကတော့ ကျနော်တို့ ကောင်းတာပေါ့နော်။ ကျနော်တို့ဘက်က အားကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ GSP ပေးထားတဲ့အတွက်ကြောင့်မို့လို့။ GSP ရဲ့ သဘောကတော့ လူကြီးမင်းတို့လည်း သိပြီးသားပါ။ တော်တော်များများလည်း သိပြီးသားပါ။ ကျနော်တို့၊ ချမ်းသာတဲ့နိုင်ငံက ဆင်းရဲတဲ့နိုင်ငံကို တဘက်သတ် အကောက်ခွန်သက်သာခွင့်၊ တဘက်သတ် အကောက်ခွန်ကင်းလွတ်ခွင့်ပေးတာ ဖြစ်ပါတယ်။ ဒါ အင်မတန်ကောင်းတဲ့အစီအစဉ် ဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့ခင်ဗျ။ နောက်တချက်ကပေါ့နော်။ အမေရိကန်ဈေးကွက်ကြီးကနေပေါ့နော် GSP ပေးလာတဲ့အပေါ်မှာ ကုန်သည်တွေအတွက် ဒါ အခွင့်အလမ်းတခု ဖြစ်လာသလို၊ နောက်တချက်က ကျနော်တို့ ပို့ကုန်လုပ်ငန်းတွေ ပိုပြီးတော့ Promote လုပ်ဖို့အတွက်ဆိုရင် အစိုးရဌာနဘက်ကလည်း လုပ်ငန်းရှင်တွေကို ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင် ဖြစ်လာအောင်ဆိုပြီးတော့ Incentives တွေ ပိုပြီးပေးမယ်ဆိုတော့ ကျနော်တို့ ပို့ကုန်ကဏ္ဍကြီးများ ပိုပြီးတော့ ကြီးထွားလာမလားပေါ့နော်။ အဲဒီအပိုင်းကိုလည်း ဆွေးနွေးပေးပါလားခင်ဗျ။

ဖြေ - ကျနော်တို့ ဌာနဆိုင်ရာပိုင်းကတော့ ဒီ Garment တခုတည်း မဟုတ်ဘူးပေါ့လေ။ ပို့ကုန်အမယ်အားလုံး တိုးတက်လာဖို့အတွက် နည်းမျိုးစုံနဲ့ ကျနော်တို့ သွားနေတာပဲ။ အဲဒီနည်းမျိုးစုံနဲ့ သွားနေတဲ့အထဲမှာ ထင်ရှားတာက ဘာလဲဆိုရင် ကျနော်တို့ အမျိုးသားပို့ကုန် မဟာဗျူဟာ ဖြစ်ပါတယ်။ ဒီအမျိုးသားပို့ကုန်မဟာဗျူဟာကို ကျနော်တို့ အကောင်အထည် ဖော်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013