DVB Logo
Home
မြန်မာသတင်း
အင်းဝအပ်ချုပ်ဆိုင်အမှု ရှေ့နေများ ရောက်မလာတာကြောင့် ရုံးချိန်း ရွှေ့ဆိုင်း
DVB
·
October 6, 2016
အင်းဝအပ်ချုပ်ဆိုင်အမှု ရှေ့နေများ ရောက်မလာတာကြောင့် ရုံးချိန်း ရွှေ့ဆိုင်း
Donate to DVB

အိမ်အကူမိန်းကလေး ၂ ဦးကိုညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုထားတဲ့ အင်းဝ အပ်ချုပ်ဆိုင်က မိသားစုဝင် ၆ ဦးရဲ့အမှုကို ဒီနေ့မှာ တရားလိုပြ သက်သေစစ်ဆေးဖို့ အနောက်ပိုင်းခရိုင်တရားရုံးက ချိန်းဆိုခဲ့ပေမယ့် မစစ်နိုင်ခဲ့ပါဘူး။

ဒီနေ့ရုံးချိန်းမှာ တရားစွဲခံထားရသူ ၆ ဦးထဲက သီရိလတ်ရဲ့ ရှေ့နေနဲ့ ဦးကိုလတ်၊ တင်မင်းလတ်တို့ရဲ့ ရှေ့နေတွေပဲရောက်လာခဲ့ပြီး ဒေါ်တင်သူဇာ၊ စုမွန်လတ်၊ ရာဇာထွန်းတို့ရဲ့ရှေ့နေတွေ ရောက်မလာတဲ့အတွက် ရုံးချိန်းကို အောက်တိုဘာလ ၁၃ ရက်နေ့ကို ချိန်းဆိုခဲ့ပါတယ်။

အနောက်ပိုင်းခရိုင်တရားသူကြီးက ဒီအမှုဟာ အမှုကြီးဖြစ်တဲ့အတွက် ရှေ့နေ လိုကြောင်း၊ ရှေ့နေမငှားနိုင်ရင် အစိုးရက ငှားပေးမှာဖြစ်ကြောင်း၊ လာမယ့် ရုံးချိန်းကိုတော့ မဖြစ်မနေ စစ်ဆေးသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013