DVB Logo
Home
မြန်မာသတင်း
စကားများရာမှ ကလေးငယ်တဦး ဓားဖြင့် အချက်များစွာထိုးခံရပြီး သေဆုံး
DVB
·
October 6, 2016
စကားများရာမှ ကလေးငယ်တဦး ဓားဖြင့် အချက်များစွာထိုးခံရပြီး သေဆုံး
Donate to DVB

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်မှာ လုပ်ငန်းကိစ္စ စကားများရာကနေ အမျိုးသားတဦးက ၁၅ နှစ်အရွယ် ကလေးငယ်တဦးကို ဓားနဲ့ အချက်များစွာ ထိုးသတ်မှုတခုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက်နေ့မနက်ပိုင်းက လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက်က ညွန့်စက်ဘီးနဲ့ဆိုက်ကားပြုပြင်ရေးဆိုင်မှာ လုပ်ငန်းကိစ္စနှင့်ပတ်သက်ပြီး စကားများရာမှ မောင်မောင် မြတ် (၂ဝ) နှစ်က ဝေယံဝင်းမြင့် (၁၅) နှစ်ကို ဓားနဲ့ထိုးလို့ ဒဏ်ရာ ၁၂ ချက်နဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဝေယံဝင်းမြင့် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ဦးဝင်းမြင့်က အမှုဖွင့်တိုင်ကြားထားလို့ လှိုင်သာယာမြို့မရဲစခန်းက လက်ခံစစ်ဆေးပြီး အမှုဖွင့်လှစ်ကာ တိမ်းရှောင်နေသူ မောင်မောင်မြတ်အား ဖမ်းဆီးရမိရေး ဆောင် ရွက်နေတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013