DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့အဝင် ယာဉ်တိုက်မှုကြောင့် ကျောင်းသူတဦးသေဆုံး
DVB
·
October 6, 2016
ဖြူးမြို့အဝင် ယာဉ်တိုက်မှုကြောင့် ကျောင်းသူတဦးသေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အဝင် ဆိုင်းဘုတ်နီးမှာ အောက်တိုဘာ ၅ ရက်နေ့ ညနေ  ၂ နာရီ ၄၅ မိနစ်လောက် ယာဉ်တိုက်မှုတခုဖြစ်ပွားခဲ့ပြီး စတုတ္ထတန်းကျောင်းသူတဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၉/၇ နှင့် ၁၄၀/၀ အနီးမှာ ဝန်းဖြူးမြို့နယ် ဇေယျာဝတီသကြားစက် နေသူ ဦးစောမီသီဘုန်းလှိုင်ဟာ သမီးဖြစ်သူ စတုတ္ထတန်းကျောင်းသူ မစီးလျာစုစီး (၉) နှစ် တင်ဆောင်လာတဲ့ ဆိုင်ကယ်ကို မိုးမိတ်မြို့ ကြည်တော်စုရပ်ကွက် နေသူ မျိုးဇော်ထွန်း  မောင်းနှင်းလာတဲ့ ၂၂ ဘီးတွဲယာဉ်က ပွတ်ချိတ်ခဲ့ပါတယ်။

၂၂ ဘီးတွဲယာဉ်နဲ့ ပွတ်ချိတ်ပြီး  မစီးလျာစုစီးရဲ့ ဦးခေါင်းဝဲဘက်ခြမ်း ပွင့်ထွက်ကာ အခင်းဖြစ်နေရာမှာ  သေဆုံးခဲ့ရပြီး ဆိုင်ကယ်မောင်းနှင်းသူဖခင်မှာလည်း ဒဏ်ရာရရှိ ခဲ့ပါတယ်။

“ဆိုင်ကယ်သမားက အခုမှစထွက်တာဖြစ်မယ်ဗျ ဟိုဘက်က အအေးဆိုင်ဘက်က ထွက်လာတာဖြစ်မယ်။ ကျနော်တို့လည်း အမျိုးသမီးနှစ်ဦးက လာကြပါဦး လာကြပါဦးလို့ အော် တော့မှ ပြေးထွက်ကြည့်ဖြစ်တာ။ လမ်းဘေးမှာကိုကြိတ်သွားတာက လမ်းဘေးကို တော်တော် ရောက်နေပြီး ကားနောက်ဘီးနဲ့ကြိတ်တာ ကလေးမလေးကတော့ ကျောင်းဝတ်စုံလေးနဲ့ဗျ။ နေရာမှာတင်းဆုံးသွားတယ် စိတ်မကောင်းစရာပါပဲဗျာ"လို့ အနီးအနားနေပြည်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။

ယာဉ်မောင်းမျိုးဇော်ထွန်းအား နယ်မြေရဲစခန်းမှယာဉ်(ပ)၃၁/၂၀၁၆ ပုဒ်မ ၃၀၄ -က အရအမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013