DVB Logo
Home
မြန်မာသတင်း
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဗိုက်ဘာမှတဆင့် ၂လအတွင်း အကြိမ်ပေါင်း ၁၇၀၀ ခန့် တိုင်တန်းခဲ့
DVB
·
October 6, 2016
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဗိုက်ဘာမှတဆင့် ၂လအတွင်း အကြိမ်ပေါင်း ၁၇၀၀ ခန့် တိုင်တန်းခဲ့
Donate to DVB

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်တွေကို ဗိုက်ဘာကတဆင့် တိုင်ကြားခဲ့တာဟာ နှစ်လအတွင်း အကြိမ်ပေါင်း ၁၇၀၀ လောက် ရှိခဲ့ပါတယ်။

သြဂုတ် ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ ၁၆၆၂ ကြိမ် တိုင်တန်းလာခဲ့တယ်လို့ ရန်ကုန် ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး လမ်းပြောင်းပြန် မောင်းနှင်မှုနဲ့ အများဆုံးတိုင်တန်းခံရတာပါ။

သြဂုတ် ၂၅ ရက်နေ့အထိ တနှစ်ကာလအတွင်းမှာတော့ တိုင်ကြားမှုက ၁၆၄၂၇ ကြိမ် ရှိခဲ့ပြီး မော်တော်ယာဉ်ဥပဒေအရ ၁၁၆၆၇ မှု အရေးယူခဲ့ပါတယ်။

၄၀၀၆ မှုကတော့ ဒဏ်ဆောင်ပြီးဖြစ်တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောပါတယ်။ အမှုလက်ကျန်က ၇၆၀၀ ကျော်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အွန်လိုင်းက တိုင်ကြားနိုင်တဲ့ Online Complaint Centre ဟာ ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက်နေ့မှာ တနှစ်ပြည့်ခဲ့တာပါ။

တိုင်ကြားမယ်ဆိုရင် နံပါတ်ထင်ရှားတဲ့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ နေ့ရက်၊ အချိန်၊ နေရာတွေကို ဖော်ပြပေးပို့ရမှာပါ။
အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရဲ့ ဗိုက်ဘာနံပါတ်တွေကတော့ ၀၉ ၇၇၇ ၄၃ ၆၂၃၂၊ ၀၉ ၇၇၇ ၄၃ ၆၂၃၃၊ ၀၉ ၇၇၇ ၄၃ ၆၂၃၄ တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013