DVB Logo
Home
မြန်မာသတင်း
အခမဲ့ ရုပ်သံလိုင်း လွှင့်ခွင့်ရမည့် ကုမ္ပဏီများ ကနဦးစာရင်း ကြေညာ
DVB
·
October 6, 2016
အခမဲ့ ရုပ်သံလိုင်း လွှင့်ခွင့်ရမည့် ကုမ္ပဏီများ ကနဦးစာရင်း ကြေညာ
Donate to DVB

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ အခမဲ့ ရုပ်သံလိုင်း လွှင့်ခွင့်ရမယ့် ကုမ္ပဏီတွေရဲ့ ကနဦးစာရင်းကို ဒီနေ့ ကြေညာလိုက်ပါတယ်။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ နောက်ထပ် တီဗွီလိုင်းအသစ် ၅ ခုကို ပါဝင်ထုတ်လွှင့်ခွင့်ပြုဖို့ စီစဉ်နေတာဖြစ်ပြီး လိုင်းတွေကိုလည်း အခမဲ့ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် ကုမ္ပဏီတွေကို ရွေးချယ်ဖို့ အကြံပေးကုမ္ပဏီတခုကို ငှားရမ်းဆောင်ရွက်နေပါတယ်။

“ကုမ္ပဏီ ၄၄ ခု လျှောက်တယ်။ ကနဦးမှာတော့ ၄၂ ခုကို ရွေးချယ်လက်ခံထားပါတယ်” လို့ အကြံပေးနေတဲ့ Tun Group Asia ရဲ့ အုပ်ချုပ်မှုအကြံပေးဒါရိုက်တာ ဦးချစ်ထွန်းဖေက ပြောပါတယ်။ ဒီထဲမှာ ဘယ်လိုကုမ္ပဏီတွေပါတယ်ဆိုတာကိုတော့ သူက မပြောသွားပါဘူး။

ဒီကုမ္ပဏီတွေထဲမှာ ဒီဗွီဘီ အပါအဝင် လက်ရှိ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ အပြင် စီးပွားရေးလုပ်ငန်းကြီးတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။

ဒါဟာ ရုပ်သံထုတ်လွှင့်ခွင့် သီးသန့်လိုင်စင်အနေနဲ့ ရရှိတာ မဟုတ်ပဲ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ ထုတ်လွှင့်ခွင့်မှာ ပူပေါင်းဆောင်ရွက်ခွင့်ရတာပဲ ဖြစ်ပါတယ်။
ဒီကုမ္ပဏီတွေအနေနဲ့ Request for Proposal တင်ပြရဦးမှာ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားတာဝန်ရှိသူတွေက တွေ့ဆုံ စစ်ဆေးဦးမှာ ဖြစ်ပြီး ၅ ခုနဲ့ ပဲ ပူးပေါင်းဖို့ စာချုပ်ချုပ်မှာပါ။

လက်ရှိမှာ မြန်မာ့အသံက ရုပ်သံလိုင်း ၁၄ ခု ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ အသစ်လွှင့်တဲ့ လိုင်းတွေကိုလည်း မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတွေကတဆင့် ဖမ်းယူ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး မေလလောက်မှာ စတင် ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013