DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့တွင် ဘုရားဆင်းတုတော်များ တရားမ၀င်သယ်ဆောင်လာသူ ၄ ဦးကို ဖမ်းမိ
DVB
·
October 5, 2016
ဝမ်းတွင်းမြို့တွင် ဘုရားဆင်းတုတော်များ တရားမ၀င်သယ်ဆောင်လာသူ ၄ ဦးကို ဖမ်းမိ
1 / 3
Donate to DVB

ဝမ်းတွင်းမြို့နယ်မှာ ကားတစီးနဲ့ ဘုရားဆင်းတုတော်တွေ တရားမ၀င်သယ်ဆောင်လာတဲ့ သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ရဲမှူး မျိုးလွင်ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့ရဲ့ သတင်းပေးချက်အရ မြို့နယ်စီမံကိန်းရုံးရှေ့မှာ  အောက်တိုဘာ ၄ ရက် ည ၈ နာရီလောက်က ပရိုဘောက်ကားတစီးကို ပိတ်ဆို့စစ်ဆေးရှာဖွေရာ ယာဉ်မောင်းပါ ၄ ဦးကို ဆင်းတုတော်တွေနဲ့ ဖမ်းဆီးမိတာပါ။

ပရိုဘောက်ကားအတွင်း နီစိမ်းပြာအရောင်ရှိ ပလတ်စတစ်ခြင်းကြားအတွင်း ဂွမ်းစောင်နဲ့ ပတ်ပြီး ထည့်ထားတဲ့ ဘုရားဆင်းတော်တွေကို သိမ်းဆည်းမိတယ်လို့ ရဲမှူးမျိုးလွင်က ပြောပါတယ်။

“သစ်သားဆင်းတု တင်ပလ္လင်ခွေ ရုပ်ပွားတော်နှစ်ဆူ၊ ဉာဏ်တော် ၁၆ လက်မနဲ့ ၁၇ လက်မရှိပါတယ်။ ရဟန္တာရုပ်ပွားတော် ၃ ဆူက ဉာဏ်တော် ၆ လက်မ ရှိတယ်။ သစ်သားစေတီက ဉာဏ်တော် ၄ လက်မ ရှိတယ်။ သယ်ဆောင်လာသူတွေကို သက်သေခံပစ္စည်းနဲ့အတူ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးရမယ်။”

ဘုရားဆင်းတုတော်တွေ တရားမ၀င် သယ်ဆောင်လာသူတွေကတော့ ယာဉ်မောင်း အောင်ကိုဝင်း၊ မအေးအေးသင်း၊ နေဝင်းနဲ့ အောင်ကျော်ဦး ၄၆ နှစ် တို့ဖြစ်တယ်လို့ ဆိုပါတယ်။

အမှုကွင်းဆက်တွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေပြီး အမှုစစ်ဆေးတာကိုတော့ မိတ္ထီလာ ရဲတပ်ဖွဲ့က ဆက်လုပ်သွားမယ်လို့ ရဲမှူး မျိုးလွင်က ပြောပါတယ်။

“ဆက်စပ်သတင်းနဲ့ အမှုဖွင့်စစ်ဆေးတာတွေကို မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့က ဆက်လက်လုပ်မှာပါ။ ဖမ်းမိထားတဲ့သူတွေ နေထိုင်ရာမြို့တွေက တနေရာစီပဲ။”

အောက်တိုဘာ ၄ ရက် ည ၁၂ နာရီမှာ မိတ္ထီလာရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ရွှေကိုယ်တိုင် သက်သေခံပစ္စည်းတွေနဲ့တကွ ဖမ်းဆီးထားသူတွေကို လွှဲပြောင်းလက်ခံရယူသွားတယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း (ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013