DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း မြေယာမဲ့များအတွက် အိမ်ရာနှင့်စိုက်ပျိုးမွေးမြူရေး ကူညီမည်
DVB
·
October 5, 2016
ဧရာဝတီတိုင်း မြေယာမဲ့များအတွက် အိမ်ရာနှင့်စိုက်ပျိုးမွေးမြူရေး ကူညီမည်
Donate to DVB

အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် LANDESA INGO အဖွဲ့က ဧရာဝတီတိုင်းရှိ မြေလွတ်ဧရိယာ ဧက ၄ သိန်းကျော်မှာ မြေမဲ့ယာမဲ့တွေအတွက် အိမ်ရာနဲ့ စိုက်ပျိုးမွေးမြူရေးတွေ ဖန်တီးပေးဖို့ မြေနေရာတွေ အကူအညီပေးမယ်လို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက အင်္ဂပူ၊ မအူပင်၊ ဖျာပုံ တို့မှာ ရှိတဲ့ မြေလွတ်ဧရိယာတွေမှာ မြေမဲ့ယာမဲ့တွေအတွက် အမေရိကန် အိုင်အန်ဂျီအိုအဖွဲ့က အိမ်ရာနဲ့ သူတို့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေအတွက် စိုက်ပျိုးမွေးမြူရေးတွေ ဖန်တီးပေးမှာပါ။

“ဧရာဝတီတိုင်းအတွင်းက မြေဧက ၄ သိန်းကျော်မှာ စစ်တမ်းတွေကောက်ယူပြီးတော့ ဝါရှင်တန်အခြေစိုက် LANDESA INGO အဖွဲ့ကနေပြီး ထောက်ပံ့ကူညီမှုတွေကို ပထမဆုံး စမ်းသပ်လုပ်ကိုင်မှာပါ” လို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

အင်္ဂပူမြို့နယ်ထဲက မဲဇလီကုန်းဒေသ ချင်းချောင်ကျေးရွာအနီးက မြေလွတ်ဧရိယာတွေနဲ့ ကွင်းကောက်ဒေသအနီးက တိုင်းတရားတို့မှာ ဒီနေ့ ကွင်းဆင်းကြည့်ရှုတာတွေ လုပ်ဆောင်နေပါတယ်။

လုပ်ငန်းအကောင်အထည်ဖော်ဖို့ကိုတော့ မြေဧရိယာတွေနဲ့ ဆက်စပ်နေတဲ့ ဒေသခံ တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013