DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးလိင်လုပ်သားများအတွက် လူ့အခွင့်အရေးပိုမိုနားလည်လာစေရေး ဆရာဖြစ်သင်တန်း ဖွင့်
DVB
·
October 5, 2016
အမျိုးသမီးလိင်လုပ်သားများအတွက် လူ့အခွင့်အရေးပိုမိုနားလည်လာစေရေး ဆရာဖြစ်သင်တန်း ဖွင့်
Donate to DVB

အခွင့်အရေးချိုးဖောက်ခံရတာအပြင် အကြမ်းဖက်တာကိုလည်း ကြုံနေကြရတဲ့ အမျိုးသမီး လိင်လုပ်သားတွေကို ပညာပေးနိုင်ဖို့အတွက် လူ့အခွင့်အရေးသင်တန်းတခုကို ရန်ကုန်မြို့မှာ ၅ ရက်ကြာ ပြုလုပ်နေတာပါ။

အမျိုးသမီး လိင်လုပ်ငန်းကို ပြစ်မှုလို့ ဥပဒေက သတ်မှတ်ထားလို့ ဒီလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ သူတို့ရသင့်တဲ့ အခွင့်အရေးတွေကို တောင်းဆိုဖို့ မလွယ်ကူကြပါဘူး။

“အဓိက ကြုံနေရတာကတော့ အကြမ်းဖက်မှုပေါ့။ သာမန်အမျိုးသမီးတွေကတော့ ကိုယ့်ဖာသာ ရဲစခန်း သွားတိုင်ကြမှာပေါ့။ Sex Worker တွေကတော့ မသွားရဲကြဘူးလေ။ ဒါတွေကို ဘယ်လို အထောက်အထားတွေ ယူမလဲ။ သက်ဆိုင်ရာတွေကို ဘယ်လို တင်ပြရမလဲ ဆိုတာတွေ သင်ပေးမှာပါ”လို့ သင်တန်းပြုလုပ်ပေးတဲ့ Aye Myanmar Association ရဲ့ National Cooadinator ကိုကျော်ဇေယျာဆွေက ပြောပါတယ်။

ဒီသင်တန်းကို အာရှနဲ့ ပစိဖိတ် လိင်လုပ်သားကွန်ရက်ရဲ့ ပညာရှင်တွေက သင်ကြား ပေးနေတာပါ။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မိတ္ထီလာ၊ ဗန်းမော်နဲ့ မြစ်ကြီးနားမြို့တွေက အမျိုးသမီး လိင်လုပ်သားတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းကိုယ်စားလှယ် အယောက် ၅၀ တက်ရောက်နေပါတယ်။

Medical Action Myanmar အဖွဲ့က လာတက်နေတဲ့ ဆရာဖြစ်သင်တန်းသူ မပိုင်ပိုင်ကတော့ “ကိုယ့်အခွင့်အရေးက ဘာလဲ ဆိုတာ အရင်ကထက်ပိုပြီး သိလာတယ်။ သင်တန်းပြီးရင် ကျွန်မတို့နဲ့ ပတ်သက်တဲ့ Sex Worker  တွေကို ဒီအကြောင်း ပြန်ပြောမယ်။ သူတို့ကလည်း သူတို့ သူငယ်ချင်းတွေကို ဒါတွေ ပြန်ပြောနိုင်တဲ့ အထိ ရှင်းပြပေးမယ်” လို့ ဆိုပါတယ်။

လက်ရှိ ဥပဒေတွေအရ အမျိုးသမီး လိင်လုပ်သားတွေအနေနဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ အတွက် တောင်းဆိုဖို့ ခက်ခဲသလို ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း ကောင်းကောင်း မရကြပါဘူး။ နောက်ဆုံး ရရှိထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အမျိုးသမီး လိင်လုပ်သား ၇ သောင်းဝန်းကျင်ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013