DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်အဖွဲ့ တရုတ်လေ့လာရေးခရီး ထွက်ခွာ
DVB
·
October 5, 2016
၈၈ မျိုးဆက်အဖွဲ့ တရုတ်လေ့လာရေးခရီး ထွက်ခွာ
Donate to DVB

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေရဲ့ ၈ ရက်ကြာ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးကို ဒီနေ့ပဲ စတင်လိုက်ပါတယ်။

ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု ပြောင်းလဲခြင်းဖြစ်စဉ်များကို လေ့လာကြမယ်လို့ အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
တရုတ်သွားမယ့် ကိုယ်စားလှယ် ၁၀ ဦးပါ ၈၈ အဖွဲ့ကို ဦးကိုကိုကြီးက ဦးဆောင်ပြီး ဒီနေ့မှာ ကူမင်းကို ပထမဆုံး ရောက်ရှိကြမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ယူနန်၊ ရှန်ဟိုင်း၊ ဘေကျင်း တို့ကို သွားရောက်ကြမှာဖြစ်ပြီး အဲ့ဒီခရီးအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန၊ စီးပွားရေးစီမံကိန်းဌာန၊ ယူနန်တက္ကသိုလ်မှ ပါမောက္ခများ ပညာရှင်များနဲ့ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၈၈ မျိုးဆက်ရဲ့ တရုတ်ခရီးမှာ ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးမာကီ၊ ဦးသက်ဇော်၊ ဒေါ်မီးမီး၊ ဒေါ်သက်သက်အောင်၊ ဒေါ်ယဉ်ယဉ်ဝိုင်း၊ ဒေါ်သရဖီ၊ ဦးကိုကိုလှိုင်နှင့် ကိုထွန်းသူရစိုးတို့ လိုက်ပါသွားခဲ့ကြပါတယ်။

၈၈ မျိုးဆက်အဖွဲ့က ဦးမြအေးခေါင်းဆောင်တဲ့ အဖွဲ့ဟာ ၂၀၁၄ ခုနှစ်က တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ တရုတ်ကိုမြစ်ဆုံကိစ္စ လေ့လာရေးခရီး သွားရောက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013