DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဓားကိုင်ရမ်းကားသည့် လူငယ် ၂ ဦးကို ရဲက သေနတ်ပစ် ဖမ်း
DVB
·
October 5, 2016
ရန်ကုန်တွင် ဓားကိုင်ရမ်းကားသည့် လူငယ် ၂ ဦးကို ရဲက သေနတ်ပစ် ဖမ်း
Donate to DVB

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဓားကိုင်ရမ်းကားနေတဲ့ လူငယ် ၂ ယောက်ကို ရဲက သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

အောက်တိုဘာ ၅ ရက် မနက် ၁ နာရီလောက်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/နောက် ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းရှိ ထမင်းဆိုင်ရှေ့မှာ အမျိုးသား ၂ ယောက် ဓားကိုင်သောင်းကျန်း နေတယ်လို့ သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့ကရောက်ရှိ ထိန်းသိမ်းရာမှာ ပြန်လည်ခုခံလို့ သေနတ်နဲ့ ပစ်ပြီး ဖမ်းခဲ့ရတာပါ။

ဓားကိုင်သောင်းကျန်းနေတဲ့ တောင်ညွန့်၊ဒေါ်သိန်းတင်လမ်းနေ ကျော်ဝင်းထွန်း (၂၃)နှစ်နဲ့ သန်းချို (၁၈)နှစ်တို့ဟာ ရဲတပ်ဖွဲ့ဝင်တွေကို ညစ်ညမ်းစွာဆဲဆိုကြိမ်းမောင်းပြီး ခုခံရန်ပြုတဲ့အတွက် Pump Action ပြောင်းချောသေနတ်နဲ့ ပစ်ပြီး ဖမ်းခဲ့ရတာလို့ ရဲသတင်းက ဆိုပါတယ်။

ဓားကိုင်သောင်းကျန်းခဲ့ကြတဲ့ အဲ့ဒီ လူငယ် ၂ ယောက်ကို မင်္ဂလာတောင်ညွန့်ရဲစခန်းက (ပ)၇၃၅/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)၊ (ပ)၇၃၆/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၃၃ တို့နဲ့ အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013