DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးနှစ်ဦးအား ပါးရိုက်ခြောက်လှန့် ငွေတောင်းသူနှစ်ဦးကို ဖမ်းဆီးအရေးယူ
DVB
·
October 5, 2016
အမျိုးသမီးနှစ်ဦးအား ပါးရိုက်ခြောက်လှန့် ငွေတောင်းသူနှစ်ဦးကို ဖမ်းဆီးအရေးယူ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အမျိုးသမီးနှစ်ဦးကို ရိုက်နှက်ပြီး ခြောက်လှန့်ငွေတောင်းယူသူ နှစ်ဦးကို ကျောက်ဖြူမြို့မရဲစခန်းက အမှုဖွင့်အရေးယူ လိုက်ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာအနီး၊ ကျောက်တလုံးဒုက္ခသည် စခန်းအနီး ပင်လယ်ကမ်းစပ်အနားမှာ အမျိုးသမီးနှစ်ဦးက ပဲပွင့်(ဒေသအခေါ်အဝေါ်) ကောက်နေစဉ် အမည် မသိကွန်ပစ်နေသူလူနှစ်ဦးက အနားကိုရောက်ရှိလာကာ ပါးရိုက်ပြီး ခြောက်လှန့် ငွေတောင်းယူခဲ့တယ်လို့ အရိုက်ခံရသူ ဂုံးချိန်ကျေးရွာနေ မခင်မာနွယ်က ဒီဗွီဘီကိုပြောပါတယ်။

“ညီမတို့က အဲ့ဒီမှာ ပဲပွင့်ကောက်နေ လာကြပါတယ်။ အဲ့ဒီအချိန်မှာ ညီမတို့ ခပ်လှမ်းလှမ်း လူနှစ်ယောက်ကွန်ပစ်နေကြတယ်။ အနားကို တယောက် ဘယ်လိုရောက်လာတယ်ဆိုတာ ညီမတို့က သတိမထားလိုက်ဘူး။ အနားရောက်တော့ ညီမအစ်မကို လက်ကိုလှမ်းဆွဲထားတယ်။ ညီမက သူ့ကိုလွှတ်လိုက်၊ ဘာလို့ ဆွဲထားတာလဲ ပြောလိုက်တော့ ညီမပါးကိုရိုက်ချလိုက်တယ်။ နင်ဝင်ပါစရာမလိုဘူး။ နင်သွားတော့လို့ ထပ်ပြောတယ်။ ပြီးတော့ နင့်မှာပိုက်ဆံ ဘယ်လောက်ပါလဲလို့ ထပ်မေးတယ်။ ၅၀၀ ပါတယ်။ ငါကိုပေးဆိုပြီး အတင်းတောင်းတယ်။ ညီမလဲကြောက်လို့ပေးလိုက်တယ်။ ညီမတို့ အခုရဲစခန်းမှာအမှုဖွင့်ထားပါတယ်။”

ဖြစ်စဉ်မှာ ကလေးမနှစ်ဦးက ဘေးပတ်ဝန်းကျင်ကို အကူညီလှမ်းတောင်းလို့ ဘာမှမဖြစ်လိုက်ဘဲ ပြန်လွတ်လာကြောင်း ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်အုပ်ချုပ်ရေးမှူး ဦးကျော်ထွေးကိုက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျောက်ဖြူမြို့မ ရဲစခန်းကိုမေးမြန်ရာ မြို့နယ်စခန်းမှူးက “အဲ့ဒီအမှုနဲ့ပတ်သက်လို့ သူတို့နှစ်ယောက်ကို အမှုဖွင့်ဆောင်ရွက်နေပါတယ်။ မတရားပြုကျင့်ဖို့ ကြံစည်တာလို့တော့ မဟုတ်ပါဘူးခင်ဗျ။ လက်ကိုဆွဲတယ်။ ကာယိနြေ္ဒပျက်ပြားအောင်လုပ်တယ်ပေါ့။ သူတို့နှစ်ယောက်လုံးကို စခန်းမှာဖမ်းဆီးထားပြီ” လို့ ပြောပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ ကျောက်ဖြူမြို့၊ ကျောက်တလုံး ဘင်္ဂါလီဒုက္ခသည်စခန်းမှာ နေထိုင်သူတွေဖြစ်ပြီး သူတို့ကို ကျောက်ဖြူမြို့ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၄/၃၅၄/၃၂၃ အရေးယူထားကြောင်း စခန်းမှူးက ပြောပါတယ်။
သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013