
လန်ဒန်မြို့မှာ ၆ ကြိမ်မြောက်ပန်းချီပြပွဲကို အောက်တိုဘာလကုန်ပိုင်းမှာ သွားရောက်ပြသဖို့ စီစဉ်ထားတယ်လို့ ပန်းချီပညာရှင် ကိုမင်းဝေအောင်က ပြောပြပါတယ်။
လာမယ့် အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာပန်းချီကားတွေကို လန်ဒန်မြို့ King Road Gallery မှာ ခင်းကျင်းပြသမှာဖြစ်ရာ ရေဆေးပန်းချီကားနဲ့ အခရိုင်းလစ်ကား စုစုပေါင်း ၂၆ ကားပြသမှာဖြစ်ပါတယ်။
ပန်းချီမင်းဝေအောင်ရဲ့ ကိုယ်ပန်ဟန်ဖြစ်တဲ့ ဘုန်းကြီး ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ကိုရင်လေးတွေပုံပန်းချီကားတွေကို ပန်းချီစုဆောင်းသူတွေ၊ ကမ္ဘာ့ပတိုက်ကြီးတွေနဲ့ အနုပညာရှင်တွေက အဓိက ဝယ်ယူကြတယ်လို့ သိရပါတယ်။










