
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေတရပ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါတယ်။
၁၉၅၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ အရေးပေါ်စီမံမှုအက်ဥပဒေကို အခု ဥပဒေနဲ့ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်က နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနှိပ်ကွပ်ရာမှာ အသုံးပြုခဲ့တဲ့ ပုဒ်မ ၅ (ည) လို့ လူသိများတဲ့ ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းဖို့ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပြီး သမ္မတက ချက်ချင်း လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်အတွင်း အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေက အရေးပေါ်စီမံမှုအက်ဥပဒေ ဖျက်သိမ်းဖို့ တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး အခု အန်အယ်လ်ဒီကြီးစိုးတဲ့ လွှတ်တော်ကျမှ ဖျက်သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။











